Intel Core i7 8th Generation CPU အသုံးပြုထုတ်လုပ်လိုက်တဲ့ Mi Notebook Pro

In News On
- Updated

မင်္ဂလာပါခင်ဗျာ…

ဒီကနေ့ 2017 Mi Product Launch မှာ ပထမဦးဆုံးစတင်မိတ်ဆက်သွားတာကတော့ Mi Notebook Pro ပဲဖြစ်ပါတယ်ခင်ဗျ။ Xiaomi ဟာ Smartphones လောကကနေ Notebook PC လောကကို ပြီးခဲ့တဲ့ July 2016 မှာ Mi Notebook Air နဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Xiaomi Brands ကိုအားပေးကြတဲ့ Fans တွေအပြင် ကမ္ဘာတဝှမ်းမှာရှိတဲ့ Users တွေအတွက် Specifications ခပ်မြင့်မြင့်နဲ့ Mi Notebook Pro ကို ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။

Mi Notebook Pro ရဲ့ Highlights Specifications တွေကတော့…

  • 8th Generation Core i7 Processor
  • Dedicated Graphics Card
  • Dual-channel RAM + PCle high-speed SSD
  • Full metal body with 7 integrated ports
  • High-depth keyboard, premium backlighting
  • 3rd gen Corning® Gorilla® Glass

အဆိုပါ  Mi Notebook Pro ကို 15.6 Inches narrow bezels display အသုံးပြုထားပြီး Display protection ကတော့ 3rd generation Corning Gorilla Glass ကိုအသုံးပြုထားတာဖြစ်ပါတယ်။ အသံပိုင်းစနစ်အတွက်လည်း Harman Infinity နဲ့ Dolby Atoms စနစ်တို့ကြောင့် အသံပိုင်း Quality ကို ထူးခြားကောင်းမွန်စေမယ့် Notebook တခုဖြစ်တယ်လို့ပြောရမှာပါ။

AC Wifi စနစ်လည်းပါဝင်ပြီး Fingerprint security ကို Touch pad ထဲမှာထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒီ Security စနစ်ဟာ Microsoft ရဲ့  Windows Hello Biometric Security Authentication စနစ်ဖြစ်ပြီး Biometric data ကို Local မှာပဲ သိမ်းဆည်းတာဖြစ်တဲ့အတွက် ပိုမိုပြီးလုံခြုံစိတ်ချမှုရှိတဲ့ Security စနစ်တခုဖြစ်ပါတယ်။ ဒါ့အပြင် Data transfer အတွက်ပိုမိုလွယ်ကူစေရန်အတွက်လည်း 3 In 1 SD slot ကိုထည့်သွင်းပေးထားတဲ့အတွက် SD/ SDHC/ SDXC တို့ကို အလွယ်တကူထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Charging/ Data/ Video Output အတွက်လည်း USB-C port ကိုအသုံးပြုထားတာတွေ့ရပါတယ်ခင်ဗျာ။

Battery Charging စနစ်မှာလည်း 1C Quick Charge စနစ်ကြောင့် 35 Minutes ကို 50% ခန့် အားသွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုထားတဲ့ Keyboard ဟာလည်း Backlit keyboard ဖြစ်တဲ့အတွက် အလင်းရောင်နည်းတဲ့နေရာတွေမှာလည်း အလွယ်တကူအသုံးပြုနိုင်မှာပါ။ ဒါ့အပြင် အဆိုပါ Keyboard Design ပိုင်းနှင့်ပါတ်သတ်ပြီးတော့လည်း အခြားသော Notebook တွေနဲ့မတူအောင် စနစ်တကျဖြစ်အောင်၊ သက်တောင့်သက်သာရှိအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်ခင်ဗျာ။

Mi Notebook Pro ရဲ့ အအေးခံစနစ်ကိုလည်း စနစ်တကျပြုလုပ်ထားတာတွေ့ရပါတယ်။ Symmetrical cooling system design နဲ့အတူ Double Inbound/ Outbound Airflow စနစ်နဲ့ Cooling စနစ်ကိုစနစ်တကျအဆင့်မြှင့်တင်ပေးထားတာဖြစ်ပါတယ်။ Performance ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Core i7 8th Generation Processor ဟာ Quad-core 8-threads Max 4.0 GHz ဖြစ်ပြီး Core i7 7th Generation ထပ် ၄၀% ပိုမိုစွမ်းဆောင်ရည်အားကောင်းမှာဖြစ်ပါတယ်။ Graphic ပိုင်းမှာလည်း Dedicated Graphic ကို nVIDIA GeForce MX150 အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် Notebook RAM ကို Dual Channel 2400 MHz DDR4 ကိုအသုံးပြုထားတာတွေ့ရပြီး Storage ပိုင်းကို 256GB PCIe x 4 NVMe SSD (High Speed SSD) ဖြစ်တာကြောင့် Speed ကတော့ လန်ပြန်ထွက်နေမှာအသေချာပါ။

Design ပိုင်းမှာလည်း Dark gray minimalist design ဖြစ်ပြီး Durable full metal body နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ။ အဆိုပါ Mi Notebook Pro ကို CPU Core i7, RAM 16GB ကို RMB 6999 (မြန်မာကျပ်ငွေ 1450000 Ks ဝန်းကျင် ခန့်မှန်းစျေး) နဲ့ CPU Core i7, RAM 8GB ကို RMB 6399 (မြန်မာကျပ်ငွေ 1330000 Ks ဝန်းကျင် ခန့်မှန်းစျေး) နဲ့ CPU Core i5, RAM 8GB ကို RMB 5599 (မြန်မာကျပ်ငွေ 1170000 Ks ဝန်းကျင် ခန့်မှန်းစျေး) အသီးသီး ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu