ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ 18:9 Full Screen Display နဲ့ Mi Mix 2

In News On
- Updated

မင်္ဂလာပါခင်ဗျာ…

ဒီကနေ့ 2017 Mi Product Launch မှာ Xiaomi ရဲ့ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ Mi Mix 2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးစဥ်  အဆိုပါ Mi Mix 2 ရဲ့ ပုံစံကိုမြင်တွေ့လိုက်ရချိန်မှာပဲ တကယ်ပဲ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့အတိုင်းပဲ အင်မတန်လှပတဲ့ Design မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ အများကြီးမျှော်လင့်ထားကြတဲ့အတိုင်း bezel-less ဖုန်းတလုံးနီးပါး ဘေးဘောင်မဲ့ဖုန်းတလုံးအဖြစ် Mi Mix 2 ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ကဲ… ပိုပြီးရင်ခုန်ရအောင် အောက်မှာ သူ့ရဲ့ Highlights Features တွေဆက်လက်ဖတ်ရှုလိုက်ပါဦး…

  • Qualcomm Snapdragon 835 SoC
  • 6GB RAM / 256 GB Internal Memory
  • 18:9 Screen, 5.99 Inches Display
  • Hidden Speaker & Proximity Sensor
  • Sony IMX386 ISP, 1.25um Large Pixel
  • 4-Axis OIC
  • 4-Sided Curved Ceramic Body
  • 7-series Aluminum Alloy Frame
  • Support Global LTE Bands, 6 modes, 43 bands

အဆိုပါ Mi Mix 2 ကို Special Edition နဲ့ Standard Edition ဆိုပြီး (၂) မျိုးထုတ်လုပ်ရောင်းချပေးမှာဖြစ်ပါတယ်။ Mi Mix 2 Special Edition ကို Unibody Full Ceramic Body နဲ့ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါ့အပြင် အဆိုပါ Mi Mix 2 Special Edition ကို ထုတ်လုပ်တဲ့နေရာမှာ သိပ္ပံဆိုင်ရာနည်းပညာထုတ်လုပ်မှုပိုင်းတွေမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ (၇) ရက်ခန့်ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒီအခက်အခဲတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ Mi Mix 2 Special Edition ကို RAM 8GB, ROM 128GB ထည့်သွင်းအသုံးပြုထားတဲ့ Unibody Ceramic Body နဲ့ Mi Mix 2 ကို RMB 4699 (မြန်မာကျပ်ငွေ 970000 Ks ဝန်းကျင် ခန့်မှန်းစျေး) နဲ့ ပြည်တွင်းစျေးကွက်မှာရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့… Mi Mix 2 (bezel-less) ဖုန်းတလုံးကိုထုတ်လုပ်ရတာ အမှန်တကယ်ပဲမလွယ်လှပါဘူး။ အဲ့ဒီမလွယ်လှတဲ့အပိုင်းတွေထဲမှာမှ Secondary Speaker (Ear speaker)  လည်းအပါအဝင်ပဲဖြစ်ပါတယ်။ ဘေးဘောင်မဲ့ဖုန်းတလုံးအတွက် အသံပိုင်းစနစ်တွေပိုမိုကောင်းမွန်ဖို့အတွက် အသံကိုပဲ့ထိန်းတဲ့စနစ်တွေအသုံးပြုပြီး Mi Mix 2 ကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ Cantilever Piezoelectric Ceramic Acoustic Technology အသုံးပြုထားတာကြောင့် သတ္တုဘောင်ကို အသံတုန်ခါစေပြီး ၎င်းမှတဆင့် Screen တလျှောက် အသံပို့လွှတ်ပေးမှာဖြစ်ပါတယ်။

Mi Mix 2 ကိုနောက်ထပ်အဆင့်မြှင့်တင်ထားတဲ့အပိုင်းကတော့ Camera ပိုင်းပဲဖြစ်ပါတယ်ခင်ဗျာ။ Mi Mix 2 ရဲ့  Camera ကို Flagship level camera နဲ့အဆင့်မြှင့်ထားတာဖြစ်ပြီး Mi 6 ရဲ့  Primary Camera မှာအသုံးပြုထားတဲ့ Sony IMX386 sensor, 1.25um large pixels 4-axis OIS Camera ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Global Network နဲ့ပါတ်သတ်ပြီး 4G LTE Supported ကို နိုင်ငံတိုင်းလိုလိုမှာအသုံးပြုနိုင်တဲ့ 6 modes, 43 bands ထိ Supported ပေးထားတာဖြစ်ပါတယ်ခင်ဗျာ။

အဆိုပါ Mi Mix 2 Standard Edition ကို (၃) မျိုးထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး RAM 6GB, ROM 64GB ကို RMB 3299 (မြန်မာကျပ်ငွေ 700000 Ks ဝန်းကျင် ခန့်မှန်းစျေး) ၊ RAM 6GB, ROM 128GB ကို RMB 3599 (မြန်မာကျပ်ငွေ 750000 Ks ဝန်းကျင် ခန့်မှန်းစျေး) ၊ RAM 6GB, ROM 256GB ကို RMB 3999 (မြန်မာကျပ်ငွေ 850000 Ks ဝန်းကျင် ခန့်မှန်းစျေး) အသီးသီးရှိမည်ဖြစ်ပါသည်။

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu