MIUI Stable, Developer, Ported, Global, China, Recovery, Fastboot ROMs များအကြောင်း

In General, News On
- Updated

May 10, 2016 မှာ Xiaomi ရဲ့ Co-founder ဖြစ်သူ Hong Feng မှ MIUI 8 ကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ May 16, 2016 ရက်နေ့မှာ MIUI Global Forum မှာ Special Team Members (၉၀) ခန့်ခေါ်ယူပြီး ၎င်း MIUI 8 အတွက် ပထမဆုံးအဆင့်စတင်စမ်းသပ်သုံးစွဲဖို့ ခေါ်ယူခဲ့ပါတယ်။ 

အဆိုပါ ခေါ်ယူမှုမှာ Special Team Members (၇၀) ပါဝင်ခဲ့ပြီး လက်ရှိ MIUIers တို့အသုံးပြုလျက်ရှိတဲ့ MIUI 8 ROM တွေကို အဆင်ပြေပြေအသုံးပြုနိုင်စေရန် စမ်းသပ်အသုံးပြုခဲ့ကြပြီး MIUI Developer Team မှလိုအပ်သည်များအဆင့်ဆင့်ပြင်ဆင်ခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ June 1, 2016 မှာ MIUI Team မှ MIUI 8 China Alpha ROM ကို Public ဖြန့်ချီပေးခဲ့ပြီး MIUIers တိုင်းကိုစမ်းသပ်အသုံးပြုစေခဲ့ပါတယ်။ ထိုကဲ့သို့ MIUI Alpha ROM အဆင့်ကို Daily update တွေနဲ့ အဆင့်ဆင့်စမ်းသပ်၊ ပြင်ဆင်ခဲ့ကြပြီး June 14, 2016 ရက်နေ့မှာတော့ Special Team Members တွေကို MIUI 8 China Developer ROM (Beta ROM) ကိုစမ်းသပ်အသုံးပြုစေပြီး June 17, 2016 ရက်နေ့မှာတော့ MIUI 8 China Developer (Beta ROM) ကို Public ဖြန့်ချီပေးခဲ့တာဖြစ်ပါတယ်။

MIUI 8 China Beta ROM ကို Public ပေးသုံးပြီးနောက်မှာတော့ MIUI 8 Global Beta ROM ကို July 11, 2016 ရက်နေ့မှာ Public ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီလို MIUI 8 Global Beta ROM ကို Public ထုတ်ပေးခဲ့ပြီးနောက် MIUI 8 Global Beta (6.7.21 Update) မှာ မြန်မာပြည်မှ MIUIers များအတွက် အသုံးပြုရအဆင်ပြေစေရန်အတွက် ZawgyiX1 ဆိုတဲ့ MIUI Theme Font ကိုစတင်ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ထိုကဲ့သို့ MIUI 8 Alpha/ Beta ROM တွေ အဆင့်ဆင့်စမ်းသပ်အသုံးပြုခဲ့ကြပြီး လိုအပ်တာများအဆင့်ဆင့်ပြင်ဆင်ခဲ့ပြီးနောက် August 16, 2016 ရက်နေ့ညပိုင်းမှစတင်ပြီး Xiaomi ဖုန်းအသုံးပြုသူ (၃၀%) ကို MIUI 8 China Stable ROM (OTA Update) များစတင်ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီလိုပဲ August 19, 2016 ရက်နေ့မှာ MIUI 8 Global Stable ROM (OTA Update) များကို Xiaomi အသုံးပြုသူ (၃၀%) ကိုစတင်အသုံးပြုစေခဲ့ပါတယ်။ ဒါတွေအပြီးမှာတော့ August 23, 2016 ရက်နေ့မှာတော့ MIUI 8 China/ Global Stable ROM တို့ကို Public ထုတ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

ဒါ့အပြင် Xiaomi ရဲ့ ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်အများဆုံး Series တခုဖြစ်တဲ့ Redmi series ရဲ့ လူကြိုက်အများဆုံးသော Redmi Note 3 Pro (SD) အတွက် Android 6.0 Based MIUI 8 China/ Global Beta ROM ကို September 9, 2016 ရက်နေ့မှာ ထုတ်လုပ်ပေးခဲ့ပြီး ၎င်း Update မှာတော့ Redmi Note 3 Pro ဟာ ၎င်းတွင်ထည့်သွင်းအသုံးပြုထားတဲ့ Qualcomm Chipset supported ကြောင့် Dual SIM/ Active (DSDA) Feature စတင်ပါဝင်လာခဲ့ပါတယ်။ ဟုတ်ကဲ့ခင်ဗျ… ဒီလောက်ဆိုရင် ကျနော်တို့လက်ရှိအသုံးပြုနေကြတဲ့ MIUI 8 ရဲ့ စတင်ခဲ့ပုံနဲ့ MIUI ROM တွေရဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေအကြောင်းကို သဘောပေါက်လောက်ပြီလို့ထင်ပါတယ်ခင်ဗျာ။

ဆက်လက်ပြီးမှာ MIUI ROM အသုံးပြုသူတွေအနေနဲ့ မိမိဟာ MIUI Developer ROM (Beta ROM) နဲ့ အသုံးပြုသင့်သလား? (သို့မဟုတ်) MIUI Stable ROM ကိုအသုံးပြုသင့်သလား? Developer ROM နဲ့ Stable ROM တို့ရဲ့ကွဲပြားခြားနားချက်တွေကဘာတွေလဲ? MIUI Ported ROM ဆိုတာကရောဘာလဲ? Fastboot ROM နဲ့ Recovery ROM တွေကိုဘယ်လိုခွဲခြားမလဲ? စသဖြင့် အကြောင်းစုံကို Myanmar MIUIers တို့အတွက် ရှင်းပြချင်ပါတယ်ခင်ဗျာ။

MIUI Stable ROM ဆိုတာဘာလဲ ? 

Xiaomi MIUI Stable ROM ဆိုတာ MIUI Team ရဲ့ Official Developers တွေကနေပြုလုပ်ပေးထားတဲ့ Redefined Android တမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တလတကြိမ် လစဉ် Update ထုတ်ပေးပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ တခါတလေကျရင်တော့ MIUI ROM ရဲ့ Bugs (Error) ပြုပြင်ရတဲ့အချိန်ကြာမြင့်မှုအပေါ်မူတည်ပြီး တလထက်ကြာတတ်တာမျိုးလည်းရှိတတ်ပါတယ်။ MIUI Stable ROM ဆိုတာ MIUI ROM Bugs (Errors) အနည်းဆုံးသော ROM လည်းဖြစ်ပါတယ်။ Xiaomi ဖုန်းအသုံးပြုသူတယောက်ဟာ Error လည်းကင်းရှင်းချင်တယ်၊ MIUI Features အသစ်တွေကိုလည်း ချက်ခြင်းစမ်းသပ်အသုံးမပြုချင်ဘူးဆိုရင်တော့ Normal User တယောက်အနေနဲ့ MIUI Stable ROM ဆိုတာအသင့်တော်ဆုံးဖြစ်ပါတယ်။

အဲ့ဒီ MIUI Stable ROM တွေကို Version အလိုက်အမည်ရွေးချယ်ပေးထားတာနဲ့ပါတ်သတ်ပြီးရှင်းပြချင်ပါတယ်။ လက်ရှိမှာ MIUI 8 ထွက်ထားတာဖြစ်တဲ့အတွက် MIUI 8 Stable ROM နဲ့ရှင်းပြပါမယ်။ သာမာန်အားဖြင့် MIUI Stable ROM ရဲ့ Version ကို V8.X.X.0.XXXXXXX ဆိုပြီးဖော်ပြပါတယ်။ ပထမဆုံး X နှစ်လုံးကိုတော့ MIUI ရဲ့ Version နဲ့ Revision number ကိုဖော်ပြပေးတာဖြစ်ပါတယ်။ ကျန်တဲ့အခြား X (၇) လုံးကိုတော့ Android version, Phone model, နဲ့ China ROM လား? Global ROM လား? စသဖြင့်ဖော်ပြပေးပါတယ်။

ဒါ့အပြင် မတူညီတဲ့နိုင်ငံတိုင်းအတွက် codenames တွေဖော်ပြဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ဖော်ပြမှုမျိုးသတ်မှတ်ပေးထားပါတယ်။ MIUI ROM version မှာ MI ဆိုပြီးပါဝင်ရင် အဲ့ဒီ ROM ဟာ Global market အတွက် MIUI Global ROM ဖြစ်ပြီး CN ဆိုရင်တော့ China ROM လို့သတ်မှတ်ပါတယ်။ MIUI Stable ROM တွေမှာ အသုံးပြုရင်းနဲ့ Bugs (Error) တခုခုရှိခဲ့ရင်လည်း MIUI ROM မှာ Built-in ပါဝင်တဲ့ Bug Report Apps မှတဆင့် MIUI Team ကို Feedback လုပ်နိုင်ပါတယ်။ တခါတရံမှာ MIUI Stable ROM အသုံးပြုတဲ့ အခြား Xiaomi ဖုန်းတွေမှာ Update မရပဲ သင့်ဖုန်းမှာပဲ MIUI Stable ROM Update ရနေတာမျိုးလည်းရှိတတ်ပါတယ်။ အဲ့ဒါကတော့တခြားမဟုတ်ပါဘူး Grey update လို့ခေါ်တဲ့ Beta-testing အတွက် Random ထုတ်ပေးတဲ့ Public MIUI Stable ROM Update ဖြစ်ပါတယ်ခင်ဗျာ။

ဥပမာ –
Xiaomi Mi 3 Device အတွက် နောက်ဆုံးထုတ်ပေးခဲ့တဲ့ China Stable ROM Version ဟာ V7.5.6.0.MXDCNDE ဖြစ်ပါတယ်။
ဒီ ROM version ကိုရှင်းပြရရင် –

  • V7 ဆိုတာ MIUI 7 ကိုပြောတာဖြစ်ပါတယ်
  • 5.6 ဆိုတာကတော့ ၎င်း MIUI version ရဲ့ 5th major update နဲ့ 6th minor revision ကိုပြောတာဖြစ်ပါတယ်
  • MXD ဆိုတာကတော့ Android Marshmallow 6.0.1 ကိုပြောတာပါ
  • CN ဆိုတာက China ROM ကိုပြောတာပါ
  • DE ဆိုတာကတော့ Mi 3/ 4 W/CDMA ကိုပြောတာဖြစ်ပါတယ်။

 

MIUI Developer ROM ဆိုတာဘာလဲ?

MIUI Developer ROM ကို MIUI Beta ROM လို့လည်းခေါ်ပါတယ်။ ၎င်း MIUI Developer ROM တွေကို MIUI Team ရဲ့ Official Developers တွေကနေပြုလုပ်ပေးထားတဲ့ Redefined Android ပဲဖြစ်ပါတယ်။ MIUI Developer ROM တွေကို အပါတ်စဉ် Weekly update ထုတ်လုပ်ပေးတာဖြစ်ပြီ ပုံမှန် Update changelog တွေနဲ့ ၎င်း changelog preview တွေကို MIUI Global Forum (en.miui.com/forum.php) မှာ ၎င်း Developer ROM အတွက်ကြိုတင်ဖတ်ရှုနိုင်ပါတယ်။ Developer ROM တွေဟာ New Features တွေလည်းပါဝင်လာတတ်သလို Weekly Update ပေးတာဖြစ်တဲ့အတွက် Bugs (Errors) ပါဝင်နိုင်တဲ့ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် Xiaomi ဖုန်းတလုံးတည်းအသုံးပြုတဲ့ Normal User တယောက်အနေနဲ့တော့ Developer ROM ကိုအသုံးမပြုသင့်ပါဘူး။

Developer ROM တွေရဲ့အမည်ပေးသတ်မှတ်ပုံကတော့ရိုးရှင်းပါတယ်။ X.Y.Z လို့ပဲသတ်မှတ်ကြည့်ရအောင်။ X ဆိုတာကတော့ ROM ထုတ်ပေးတဲ့ ခုနှစ်ကိုဆိုလိုပါတယ်။ (ဥပမာ – 6 ဆိုပါစို့၊ 2016 ကိုပြောချင်တာဖြစ်ပါတယ်။ Y ဆိုတာကတော့ ROM ထုတ်ပေးတဲ့ လကိုပြောချင်တာဖြစ်ပြီး Z ဆိုတာကတော့ ၎င်း ROM ထုတ်ပေးတဲ့ နေ့ရက်ကိုပြောချင်တာဖြစ်ပါတယ်။ ဒီနေရာမှာတခုပြောစရာရှိတာက အဆိုပါ Developer ROM တွေမှာပဲ Special Team Members တွေအတွက်သာသီးသန့်ထုတ်ပေးတဲ့ Incrememtal ROM package နဲ့ Update ပေးတဲ့ Daily update ရှိပါတယ်။ အဲ့ဒီ Update တွေမှာ Changelog preview မှာပါဝင်တဲ့ Features အသစ်တွေနဲ့ Bugs (Error) ပြင်ဆင်မှုတွေ ကောင်းမွန်စွာအလုပ်လုပ်သလားဆိုတာကို စမ်းသပ်အသုံးပြုခိုင်းပြီးမှ အပါတ်စဉ် သောကြာနေ့တိုင်း Developer ROM (Weekly update) ကိုထုတ်ပေးတာဖြစ်ပါတယ်။ 

 

MIUI Ported ROM ဆိုတာဘာလဲ? 

MIUI Ported ROM တွေကို UnOfficial Developers (သို့မဟုတ်) 3rd party developers တွေကနေပြုလုပ်ပေးတာဖြစ်ပြီး MIUI Developer ROM ကိုအခြေခံပြီးပြုလုပ်ပေးကြတာဖြစ်ပါတယ်။ ၎င်း Ported ROM တွေကို MIUI Developer ROM တွေရဲ့ထုတ်လုပ်တဲ့ ခုနှစ်၊ လ၊ ရက် တွေလိုပဲ အမည်ပေးကြပြီး MIUI Developer ROM ထုတ်လုပ်ပေးတဲ့ ရက်စွဲထပ်တော့နောက်ကျပြီးမှ ထုတ်လုပ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းင် Ported ROM တွေမှာ MIUI Developer ROM တွေထပ် Bugs (Error) တွေပိုမိုပါဝင်နိုင်ပါတယ်။ ၎င်း Ported ROM တွေဟာ Xiaomi Device များအတွက်ထုတ်လုပ်တာမျိုးမဟုတ်ပဲ အခြားသော Devices (ဥပမာ- Google Nexus, HTC, Oppo, etc… ) များအတွက် MIUI အသုံးပြုချင်သူများသုံးနိုင်စေရန် ထုတ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။

၎င်း Ported ROM အသုံးပြုသူတွေဟာ Bugs (Error) ရှိခဲ့ရင် အဆိုပါ Ported ROM ပြုလုပ်တဲ့ Developer ကိုတိုက်ရိုက်ဆက်သွယ်ရမှာဖြစ်ပြီး အချို့သော Developer တွေက ၎င်း Bugs (Error) များအတွက် ပြင်ဆင်မှုပြုလုပ်ပြီး Incrememtal ROM package တွေထုတ်ပြီး Update ပေးတာဖြစ်ပါတယ်။ အခုဆိုရင်တော့ MIUI 8 အတွက် ၎င်း Ported ROM တွေကို MIUI Team ရဲ့ Source code တွေကိုထုတ်လုပ်ပေးခြင်းမပြုလုပ်တော့တဲ့အတွက် အခြားပြင်ပ 3rd party developers တွေအနေနဲ့ပြုလုပ်နိုင်ခြင်းမရှိတော့ပဲ MIUI Developer Team (Buggy) ကသာရံဖန်ရံခါပြုလုပ်ပေးတာဖြစ်ပါတယ်။

 

MIUI China ROM ကကောင်းတယ် (သို့မဟုတ်) MIUI Global ROM ကကောင်းတယ်။ ဘယ် ROM ကိုအသုံးပြု သင့်ပါသလဲ ?

ကမ္ဘာတဝန်းမှာရှိတဲ့ Xiaomi ဖုန်းအသုံးပြုသူတွေဟာ မကြာခဏဆိုသလိုပဲ MIUI China ROM အသုံးပြုဖို့အတွက် လုံခြုံမှုရှိရဲ့လား? အသုံးပြုမယ့် Device အတွက် အဆင်ပြေပါ့မလား? စသဖြင့် စိုးရိမ်ပူပန်မှုတွေရှိတတ်ကြပါတယ်။ ဒီနေရာမှာတခုပြောလိုတာက အဲ့ဒီလိုစိုးရိမ်ပူပန်မှုတွေဖြစ်စရာမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ MIUI China ROM ဟာလည်း MIUI Global ROM လိုပဲ Xiaomi ဖုန်းတလုံးမှာ အဆင်ပြေပြေ ကောင်းမွန်စွာအလုပ်လုပ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် MIUI China ROM နဲ့ MIUI Global ROM တို့ရဲ့ကွဲပြားခြားနားပုံကိုရှင်းပြလိုပါတယ်။ MIUI China Stable ROM နဲ့ MIUI Global Stable ROM တို့ကို အလွယ်အားဖြင့် အမည်ပေးသတ်မှတ်ထားတဲ့ပုံစံကတော့ MIUI Version မှာ CN ဆိုရင် MIUI China ROM ဖြစ်ပြီး MI ဆိုရင်တော့ MIUI Global ROM ဖြစ်ပါတယ်။ ၎င်း ROMs နှစ်မျိုးရဲ့ကွဲပြားခြားနားပုံတွေကတော့ –

 

MIUI China ROM (CN)

MIUI China ROM မှာ Google Apps တွေနဲ့ Google Services (GApps) တို့ပါဝင်ခြင်းမရှိပါဘူး။ ဒါ့အပြင် ၎င်း MIUI China ROM တွေမှာ China Apps တွေနဲ့ တရုတ်ပြည်တွင်းသုံး Service တွေပါဝင်ပါတယ်။ ဒါတွေဟာ အခြားနိုင်ငံကအသုံးပြုသူများအတွက်တော့ အသုံးမဝင်သော Apps (Bloatware) များဖြစ်ပြီး တရုတ်ပြည်တွင်းနဲ့ တရုတ်လူမျိုးများအတွက်ကတော့ အရမ်းကိုအသုံးဝင်တဲ့ Apps တွေဖြစ်ပါတယ်။ MIUI China ROM တွေမှာ Google Apps (GApps) Google Apps, Google Service Frameworks, Google Account Manager နဲ့ Google Play Services တွေကို အလွယ်တကူပဲ Installed ပြုလုပ်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် MIUI China ROM တွေဟာ သူ့မှာ Copyright ပြဿနာတွေနဲ့ Global Market ထပ်ကန့်သက်ချက်တွေနည်းပါးတဲ့အတွက် MIUI Global ROM တွေထပ် Features တွေပိုမိုစုံလင်ပါဝင်ပါတယ်။ MIUI China ROM မှာ English Language Translation နဲ့ပါတ်သတ်ပြီး ROM ရဲ့အချို့အပိုင်းတွေမှာ ပြည့်ပြည့်စုံစုံမပြီးတာမျိုးရှိတတ်ပါတယ်။ ဒါ့အပြင် အချို့သော Google integration သုံးတဲ့ Apps တွေထည့်သွင်းရာမှာလည်း အခက်အခဲတချို့ဖြစ်နိုင်ပါတယ်။

 

MIUI Global ROM (MI)

ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံတွေက Xiaomi အသုံးပြုသူများအဓိကအသုံးပြုတဲ့ ROM ကိုခေါ်ပါတယ်။ ၎င်း MIUI Global ROM မှာ Google Apps (GApps) တွေတပါးတည်းပါဝင်လာတာဖြစ်ပါတယ်။ ဒါ့အပြင် မည်သည့် China Apps/ Services များလည်းပါဝင်ခြင်းမရှိပါဘူး။ ပုံမှန်အားဖြင့် ၎င်း MIUI Global ROM တွေကို MIUI China ROM တွေထုတ်လုပ်ပေးပြီး နောက်ပိုင်းရက်တွေမှာထုတ်လုပ်ပေးတတ်ပါတယ်။ MIUI Global ROM မှာ English language ဟာ Default အဖြစ်ပါဝင်လာပြီး အခြားသော နိုင်ငံများမှ Languages များလည်းပါဝင်တဲ့အတွက် စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Apps တွေတစ်ပါးတည်းပါဝင်လာတာကြောင့် MIUI ROM ရဲ့အချို့ Features တွေဖြစ်တဲ့ Online Music နဲ့ Xunlei Download Accelerator တို့ကိုတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် MIUI China ROM လို Bloatware တွေပါဝင်လာခြင်းမရှိတဲ့အတွက် Internal Storage နေရာများများလွတ်လပ်စေပါတယ်။ MIUI Global ROM ဟာ ပုံမှန်အားဖြင့် MIUI Stable ROM အဖြစ်သာထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Redmi 1s မှစတင်ပြီး MIUI Beta ROM တွေထုတ်လုပ်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Xiaomi Devices တိုင်းလိုလိုအတွက် MIUI Global Beta ROM တွေ ကို MIUI Developer Team မှ ထုတ်လုပ်ပေးနေပြီဖြစ်ပါတယ်။ တခုပြောစရာရှိတာက ၎င်း MIUI Global ROM တွေဟာ Multi-language ပါဝင်လာတာဖြစ်တဲ့အတွက်လည်း MIUI China ROM များထပ် ROM package size ပိုမိုကြီးတာဖြစ်ပါတယ်။

 

Recovery ROM (သို့မဟုတ်) Fastboot ROM ဆိုတာဘာတွေလဲ? သူတို့ကိုဘယ်လိုသုံးရလဲ?

MIUI Recovery ROM တွေဟာ (.zip file format) ဖြင့်လာပြီး Fastboot ROM တွေဟာ (.tgz file format) နဲ့လာတာဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ Xiaomi ဖုန်းအတွက် ROM တင်ဖို့အတွက်ရန် အသုံးပြုတာဖြစ်ပြီး MIUI ROM ချင်းအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းမတူညီတဲ့ ROM နှစ်မျိုးအတွက် ROM Flash လုပ်တာနှစ်မျိုးရှိပါတယ်။ Recovery ROM တွေကို များသောအားဖြင့် လက်ရှိအသုံးပြုလျက်ရှိတဲ့ ROM ကိုဖြစ်စေ (သို့မဟုတ်) ဖုန်းထဲက Data တွေကိုမပျက်စေပဲ Update လုပ်ရန်ဖြစ်စေ အသုံးပြုပါတယ်။ Fastboot ROM တွေကိုတော့ Computer အသုံးပြုပြီး Flash ရတာဖြစ်ပြီး Xiaomi ဖုန်းတလုံး System break ဖြစ်ခဲ့ရင်ဖြစ်စေ၊ Full ROM Flash All လုပ်လိုသည်ဖြစ်စေ အသုံးပြုပါတယ်။ ဒီနေရာမှာတခုပြောလိုတာက Fastboot ROM အသုံးပြုဖို့အတွက် Normal user တယောက်အနေနဲ့ကတော့ လေ့လာမှုတချို့ပြုလုပ်ဖို့လိုအပ်ပြီး Computer အသုံးပြုမှုအခြေခံပိုင်းတွေလိုအပ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် မှားယွင်းလုပ်ဆောင်မိတာမျိုးတွေဖြစ်နိုင်ပါတယ်ခင်ဗျာ။

 

Recovery ROM ဖြင့် Flash လုပ်ခြင်းဆိုတာဘယ်လိုလဲ?

Recovery ROM ကို Flash လုပ်ဖို့ရန်အတွက် နည်းလမ်းနှစ်ခုရှိပါတယ်။ တခုကတော့ MIUI ROM မှာပါဝင်တဲ့ Updater Apps မှတဆင့် Flash လုပ်တာဖြစ်ပြီး တခြားနည်းလမ်းတခုကတော့ Mi Recovery (သို့မဟုတ်) Others Custom Recovery တို့မှ Flash လုပ်တာဖြစ်ပါတယ်။ အဆိုပါနည်းလမ်းဟာ Update လုပ်ခြင်းကိုသာ ဆောင်ရွက်နိုင်ပြီး Downgrade ပြုလုပ်ခြင်းကိုတော့ ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မိမိဖုန်းမှာ Installed လုပ်ထားတဲ့ MIUI Vesion ဟာ မိမိ Download လုပ်ထားတဲ့ MIUI ROM version ထပ်မြင့်နေရပါမယ်။ နိမ့်နေရင်တော့ Recovery ROM နဲ့ Flash လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒီနေရာမှာတခုပြောစရာရှိတာက နောက်ပိုင်းထွက်ရှိလာတဲ့ Xiaomi Devices တွေမှာ Bootloader Locked တွေဖြစ်တဲ့အတွက် Recovery အသုံးမပြုခင် Bootloader Unlock ပြုလုပ်ဖို့တော့လိုအပ်ပါတယ်။

 

Updater Apps ကိုအသုံးပြုပြီး Flash လုပ်ခြင်းဆိုတာ?

Updater Apps မှတဆင့် MIUI ROM package file ကို Flash လုပ်ခြင်းနည်းလမ်းကတော့ ရိုးရှင်းပါတယ်။ Download လုပ်ပြီးရရှိလာတဲ့ Recovery ROM ကို မိမိဖုန်းရဲ့ မည်သည့် Folder အောက်တွင်မဆိုထားနိုင်ပါသည်။ ပြီးနောက် Updater Apps ကိုဖွင့်ပါ။ အပေါ်ဘက်ညာဘက်အစွန်မှ Menu (Line ၃ ခုနဲ့ Button) ကိုနှိပ်ပါ။ Choose Update Package ကိုနှိပ်ပါ။ မိမိ Download လုပ်ထားသော Recovery ROM package file ကို ရွေးပေးပြီး Flash လုပ်ရုံပဲဖြစ်ပါတယ်ခင်ဗျာ။ 

 

Mi Recovery အသုံးပြု၍ Flash လုပ်ခြင်းဆိုတာ?

ဒီနည်းလမ်းကလည်း ရိုးရှင်းပါတယ်။ Download လုပ်ပြီးရရှိလာသော Recovery ROM package file ကို မိမိဖုန်းရဲ့ Internal Storage (Root folder) အောက်မှာထားပါ။ ထို့နောက် မိမိဖုန်းကို Recovery Mode (Vol+ + Power Button) (သို့မဟုတ်) Updater Apps မှတဆင့် Reboot to Recovery ကိုနှိပ်ပြီး Recovery Mode သို့ဝင်ပါ။ Mi Recovery သို့ရောက်ရှိပါက Install update.zip ကိုရွေးပြီး Flash လုပ်နိုင်ပါသည်။

 

Fastboot ROM ဖြင့် Flash လုပ်ခြင်းဆိုတာ?

Fastboot ROM ဖြင့် Flash လုပ်တာကတော့ Computer တလုံးလိုအပ်ပါတယ်။ ထို့နောက် မိမိအသုံးပြုမည့် ကွန်ပျူတာမှာ Mi Flash Tool ကို Installed လုပ်ပါ။ ထို့နောက် Mi PC Suite ကိုလည်း Installed လုပ်ပါ။ ဒီနေရာမှာတခုပြောလိုတာက Mi PC Suite နဲ့ Flash လုပ်ခြင်းဟာ flash_all command ကို တိုက်ရိုက်အသုံးပြုတာဖြစ်တဲ့အတွက် Data မပျက်ပဲ ROM Flash လုပ်ချင်သူများအတွက် အဆင်မပြေပါဘူး။ မိမိဖုန်းကို Power Off ပါ။ Power + Vol – ကို ဖိပြီး Fastboot Mode ကိုဝင်ပါ။ ထို့နောက် မိမိဖုန်းကို ကွန်ပျူတာဖြင့်ချိတ်ဆက်ပြီး Flash လုပ်နိုင်ပါသည်။ Fastboot ROM မှာ မတူညီတဲ့ Fastboot ROM flash script file (၃) မျိုးစီ Language နှစ်ခုနဲ့ ပါဝင်ပါတယ်။ တခုက (.bat file format) နဲ့ဖြစ်ပြီး Windows PC အတွက်ဖြစ်ပါတယ်။ နောက်တခုကတော့ (.sh file format) နဲ့ Linux PC အတွက်ဖြစ်ပါတယ်။ ဒီနေရာမှာတခုပြောလိုတာက Fastboot ROM ကို Fastboot Mode မှ Flash လုပ်ဖို့အတွက် မိမိဖုန်းဟာ Bootloader Locked ဖြစ်နေခဲ့ရင် Unlock ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင်လည်း Qualcomm Jig ကဲ့သို့ Hardware Method အသုံးပြု Flash Cable ဖြင့် Qualcomm 9008 Mode အသုံးပြုပြီး Flash နိုင်ပါသည်။ MediaTek Device ဖြစ်ပါကလည်း SP Flash Tool ဖြင့် Flash လုပ်နိုင်ပါသည်။

 

မတူညီသော Flash Script file (၃) မျိုးဆိုတာ?

flash_all –
၎င်းကိုအသုံးပြုပြီး Flash လုပ်ပါက ဖုန်းအတွင်းသို့ ROM file အသစ်မတင်ခင် ဖုန်းကို Wipe (Clean) လုပ်မှာဖြစ်ပါတယ်။ User data အပါအဝင်ဖုန်းမှာရှိသော Data အားလုံးကို Removed ပြုလုပ်မှာဖြစ်ပါတယ်။ ၎င်း flash script ကို MIUI ROM အမြင့်မှ အနိမ့်သို့ပြန်ဆင်းချင်လျင်သော်လည်းကောင်း၊ MIUI ROM ကို အသစ်စတင်အသုံးပြုလိုလျင်လည်းကောင်း အသုံးပြုနိုင်ပါသည်။

flash_all_except_storage –
၎င်းကိုအသုံးပြုပြီး Flash လုပ်ပါက မိမိဖုန်းအတွင်းမှာရှိတဲ့ Applications အားလုံးကို Removed ပြုလုပ်မှာဖြစ်ပြီး သင့်ရဲ့ Personal files တွေကိုတော့ ဖျက်ပစ်မှာမဟုတ်ပါဘူး။ ၎င်း flash script ကို MIUI ROM အမြင့်မှအနိမ့်သို့ ပြန်ဆင်းချင်သူများအတွက်လည်းကောင်း၊ Personal file (data) တွေကိုမထိခိုက်စေပဲ ROM အသစ်တင်ပြီး ဖုန်းတွင် Installed လုပ်ထားတဲ့ Applications တွေကိုဖျက်ပစ်ချင်လျင်သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။

flash_all_except_data_storage –
၎င်းကိုအသုံးပြုပြီး Flash လုပ်ပါက မိမိဖုန်းအတွင်းရှိ Applications များအပါအဝင် မည်သည့် User data ကိုမျှထိခိုက်ခြင်းမရှိစေပဲ ROM အသစ်ကို Flash လုပ်မှာဖြစ်ပါတယ်။ ၎င်းကိုတော့ မည်သည့် Data ဆုံးရှုံးမှုမှမဖြစ်စေပဲ MIUI ROM အသစ်တင်လိုသောသူများအတွက်အသုံးပြုနိုင်ပါသည်။

Ref: Source

 

*** ယခုပို့စ်အား PDF format ဖြင့်ရယူရန် ***

Download Here

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu