Mi Mix 2 Model အသစ်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း CEO Lei Jun အတည်ပြု

In News On
- Updated

Xiaomi ရဲ့ Mi Mix Model ထုတ်လုပ်ရောင်းချခဲ့အပြီးမှာ Xiaomi အနေနဲ့ 2nd Generation Mi Mix 2 ကို ယခင် Model ထပ်ပိုမိုထူးခြားကောင်းမွန်တဲ့အရာတွေနဲ့ ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း Xiaomi CEO ဖြစ်သူ Lei Jun ကိုယ်တိုင်အတည်ပြုပြောကြားပေးခဲ့ပါတယ်ခင်ဗျာ။ 

Xiaomi Mi Mix concept phone Design ကိုဖန်တီးရေးဆွဲပေးခဲ့တဲ့ နာမည်ကြီး Designer “Philippe Starck” ကိုယ်တိုင်ပဲ Mi Mix 2 အတွက် Design ပိုင်းတာဝန်ယူဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ ဒါ့အပြင် Mi Mix နဲ့ပါတ်သတ်ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ အသုံးပြုသူတွေဆီကနေ Feedback မျိုးစုံရရှိခဲ့ပါတယ်။ ဒါတွေကပဲ ယခု Mi Mix 2 ထပ်မံထုတ်လုပ်ပြီး စျေးကွက်တင်ပို့ ရောင်းချနိုင်ဖို့အတွက် တွန်းအားတခုဖြစ်လာစေခဲ့တာပါပဲ။

အစောပိုင်းမှာ Mi Mix 2 နဲ့ပါတ်သတ်ပြီး ကောလဟလသတင်းတွေအရ screen-to-body ratio 100% ရှိလိမ့်မယ်လို့ အမျိုးမျိုးဝေဖန်ပြောဆိုခဲ့ကြပေမယ့် တိကျတဲ့ တရုတ်သတင်းဆိုဒ်တခုကတော့ ၎င်း Mi Mix 2 Model နဲ့ပါတ်သတ်ပြီး screen-to-body ratio ဟာ 93% ရှိတယ်လို့ အခိုင်အမာပြောဆိုထားတာတွေ့ရပါတယ်ခင်ဗျာ။

(မှတ်ချက် – အထက်ပါဓာတ်ပုံသည် Mi Mix 2 ဖြစ်ကြောင်း သတင်းပေါက်ကြားခဲ့သော ပုံဖြစ်ပါသည်)

ဒါ့အပြင် အဆိုပါ Mi Mix 2 ကို AMOLED Display နှင့်အတူ Mi Mix ကဲ့သို့ Ceramic body တပ်ဆင်အသုံးပြုမည်ဟုလည်းသိရှိရပါသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးခင်ဗျာ ၎င်း Mi Mix 2 မှာ Mi 5s ကဲ့သို့ Ultrasonic fingerprint sensor ကိုရှေ့ဖက်မျက်နှာပြင်မှာတပ်ဆင်အသုံးပြုပေးထားမယ်လို့လည်းသိရပါတယ်။ ဒါပေမယ်လို့ ၎င်း Mi Mix 2 နဲ့ပါတ်သတ်တဲ့ Specifications တွေနဲ့ စျေးကွက်အတွင်းမိတ်ဆက်ပေးမယ့်အချိန်တွေကိုတော့ ကုမ္ပဏီဘက်ကထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ၎င်း Mi Mix 2 ကို Apple ရဲ့ Next Generation ဖုန်းဖြစ်တဲ့ iPhone 8 နဲ့အတူ ပွဲထုတ်ဖွယ်ရှိကြောင်းခန့်မှန်းထားကြပါတယ်ခင်ဗျာ။

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu