[How to] Xiaomi MIUI ROMs မှာအသစ်ပါဝင်လာတဲ့ Screen Recorder အသုံးပြုနည်းလမ်းညွှန်

In Tools, Tips and Tutorials On
- Updated

MIUI 8 မှာ မကြာသေးခင်ကမှထည့် MIUI 8 China Developer ROM နဲ့ MIUI 8 Global Developer ROM တို့မှာ စတင်သွင်းပေးလာတဲ့ New Features တခုရှိပါတယ်။ အဲ့ဒါကတော့ Screen Recorder Apps ပဲဖြစ်ပါတယ်။ ၎င်း Apps ဟာ Native ဖြစ်တဲ့အတွက်လည်း အသုံးပြုရတာအဆင်ပြေလှပါတယ်။ Screen Recorder ဆိုတဲ့အတိုင်း မိမိတို့ဖုန်း Screen မှာပြုလုပ်သမျှကို Record လုပ်ပေးမှာဖြစ်ပြီး Video format အဖြစ် Saved လုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ၎င်း Screen Recorder Apps ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ How to Guide လေးရေးသားပေးလိုက်ရပါတယ်ခင်ဗျာ။

(၁) Recording စတင်ပြုလုပ်ဖို့ရန်အတွက် Screen Recorder Apps ကိုဖွင့်ပါမယ်။ Screen Recorder Apps ဟာ Home Screen မှာရှိတဲ့ Tools Folder အောက်ထဲမှာရှိပါတယ်။ အောက်မှာပုံလေးနဲ့ဝိုင်းပြထားပါတယ်ခင်ဗျာ။

(၂) Screen Recorder Apps ထဲကိုရောက်တာနဲ့ Screen အောက်ဖက်နားမှာ အနီရောင်ခလုတ်လေးတခုရှိပါမယ်။ Screen Record စတင်ပြုလုပ်ဖို့အတွက် ၎င်းခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်။ 

(၃) Start ဆိုတဲ့ Popup တခု Screen ပေါ်မှာပေါ်လာပါမယ်။ Screen Recording စတင်ဖို့ရန်အတွက် ၎င်း Start ကိုနှိပ်ပြီး စတင် Record ပြုလုပ်နိုင်ပါပြီခင်ဗျာ။

(၄) Recording စတင်ပြုလုပ်နေစဉ်အတွင်း ၎င်း Popup ကို မိမိနှစ်သက်ရာ (အဆင်ပြေသည့်နေရာ) တွင် ရွေ့ပြောင်းထားနိုင်ပါသည်။ မိမိ Recording ပြုလုပ်ခြင်းပြီးဆုံးပြီဆိုပါက ၎င်း Stop Popup ကိုနှိပ်ပြီး Recording ပြုလုပ်ခြင်းရပ်နိုင်ပါသည်ခင်ဗျာ။

 

MIUI Screen Recorder Apps ရဲ့ Settings များအကြောင်း

Native Screen Recorder Apps နဲ့ပါတ်သတ်ပြီး Settings ချိန်ဖို့ရန်အတွက် Settings > Additional settings > Record Screen ကိုသွားပါ။

(၁) Resolution
MIUI Screen Recorder Apps ရဲ့ Record Resolution ဟာ ပုံမှန်အားဖြင့် 1920 x 1080 (Default) ဖြစ်ပါတယ်။ ၎င်း Resolution ကိုလျှော့ချလိုပါက Resolution settings မှာလျှော့ချပြင်ဆင်နိုင်ပါတယ်ခင်ဗျာ။

(၂) Video quality
Recording ပြုလုပ်ပြီး Output ထွက်လာတဲ့ Video quality ကိုပြုပြင်ချင်ပါက Video quality settings မှာဝင်ပြင်နိုင်ပါသည်။ Quality မြှင့်လေလေ Video output file size ပိုကြီးလာလေပါပဲခင်ဗျာ။

(၃) Frame rate 
ပုံမှန်အားဖြင့် MIUI Screen Recorder Apps ရဲ့ Record frame rate က 24fps ဖြစ်ပါတယ်ခင်ဗျာ။ အကယ်လို့ ၎င်း Frame rate settings အတွင်းမှာ Frame rate ကို မြှင့်တင်ထားမယ်ဆိုရင် Recording ပြုလုပ်တဲ့ အရည်အသွေးပိုမိုကောင်းမွန်မှာဖြစ်ပါတယ်ခင်ဗျာ။

(၄) Orientation
Orientation နဲ့ပါတ်သတ်ပြီး ပုံမှန်အတိုင်းဆို ၎င်း settings ဟာ Auto ပေးထားပြီးသားဖြစ်ပါတယ်။ ၎င်း Orientation settings ဆိုတာ Video Capture ပြုလုပ်ခြင်းကို Portrait (သို့မဟုတ်) Landscape Mode စသဖြင့်ပြင်ဆင်နိုင်ပါတယ်ခင်ဗျာ။

(၅) Sound Source
Recording မှာပါဝင်မယ့် အသံနဲ့ပါတ်သတ်ပြီး ရွေးချယ်အသုံးပြုနိုင်တဲ့ settings ဖြစ်ပါတယ်ခင်ဗျာ။ ဖုန်းရဲ့ Internal sound (သို့မဟုတ်) Mic/ Surrounding sound (သို့မဟုတ်) Mute စသဖြင့် ၎င်း settings မှာပြင်ဆင်နိုင်ပါတယ်ခင်ဗျာ။

(၆) Lock Screen to end 
၎င်း Lock Screen to end settings ဆိုတာ Screen Recording ပြုလုပ်ခြင်းကို ရပ်ဖို့ရန်အတွက် Power button/ Lock button အသုံးပြုပြီး ရပ်နိုင်ဖို့အတွက် settings ချိန်ညှိဖို့အတွက်ဖြစ်ပါတယ်ခင်ဗျာ။

(၇) Show touch gestures 
ဒီ settings ကတော့ Screen recording ပြုလုပ်စဉ်အတွင်း Touch ကိုထိတဲ့အချိန်မှာ Pointer/ White dot ပေါ်အောင် ချိန်ညှိနိုင်တဲ့ settings ဖြစ်ပါတယ်ခင်ဗျာ။ Recorded videos မှာ Screen Touch လုပ်တာတွေကို White dot လေးနဲ့ဖော်ပြဖို့အတွက်ဖြစ်ပါတယ်ခင်ဗျာ။

(၈) Visualize navigation buttons
ဒီ settings ကတော့ Screen recording ပြုလုပ်နေစဉ်မှာ Naviagtion buttons တွေကို ထိတွေ့တာနဲ့ သက်ဆိုင်ရာထိတွေ့လိုက်တဲ့ (Menu, Home, Back) ကို Recording ရဲ့ အောက်ခြေမှာ စာတိုလေးတွေနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Recording ပြုလုပ်နေစဉ်အတွင်း Home Key နှိပ်သလား? Menu Key နှိပ်သလား? Back Key နှိပ်သလား? စသဖြင့် သိရှိနိုင်ပါသည်။

Ref: Source 1 | Source 2

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu