Xiaomi (Mi) ဟာဆိုရင်အခုဆို နိုင်ငံတကာကိုတင်ပို့ရောင်းချနေတဲ့ Brand တခုအဖြစ်ရပ်တည်နေတာဖြစ်ပြီး ကမ္ဘာမှာ စတုတ္ထမြောက်အကြီးဆုံး Smartphone ထုတ်လုပ်တဲ့ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ လက်ရှိမှာတော့ အချို့နိုင်ငံတွေကိုသာတင်ပို့ရောင်းချနေလျက်ရှိပြီး နိုင်ငံတကာဈေးကွက်ကိုရောင်းချနိုင်ဖို့အတွက် ဈေးကွက်ချဲ့ထွင်လျက်ရှိနေဆဲအခြေအေနေဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အသုံးပြုသူများအတွက် တိကျမှန်ကန်စွာဝယ်ယူနိုင်ဖို့အတွက် စိုးရိမ်ပူပန်ခြင်းတွေနဲ့ တချို့တွေအတွက် Xiaomi Cloned (Fake Mi Phones) ဖုန်းတွေဝယ်ယူမိနိုင်တဲ့ အခြေအနေတချို့ရှိနေပြန်ပါသေးတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်တွေဟာ Customer Service ကောင်းမွန်ပြီး၊ After sales service ကောင်းမွန်တဲ့ ဖုန်းဆိုင်ကြီးတွေမှာတော့ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ အခုမှ Xiaomi ဖုန်းတလုံးစတင်အသုံးပြုဝယ်ယူမည့်သူများအတွက်တော့ မေးမြန်းစုံစမ်းပြီး စနစ်တကျဝယ်ယူတတ်ဖို့လိုအပ်ပါလိမ့်မယ်။

တချို့ပြည်တွင်းဈေးကွက်ဝင်လာတဲ့ Xiaomi ဖုန်းတွေမှာဆိုရင် UnOfficial Custom ROM တွေနဲ့ Bloatware (ဖုန်းအသုံးပြုသူအတွက် အသုံးမဝင်သော၊ RAM, ROM Space မလိုအပ်ပဲအသုံးပြုနေတတ်သော Apps များ) တွေပါဝင်တဲ့ ဖုန်းတွေလည်း ဈေးကွက်မှာရှိတတ်ပါတယ်။ ဒါတွေဟာ Xiaomi ဖုန်းအစစ်တလုံးဖြစ်ပေမယ့် ပြည်တွင်းသို့တင်သွင်းတဲ့ Suppliers တွေဘက်ကနေထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် အဲ့ဒီလိုပါဝင်လာတဲ့ ROM တွေကို သက်ဆိုင်ရာရောင်းချပေးတဲ့ ဖုန်းဆိုင်များအနေဖြင့် Official Stable ROM တွေကိုပြန်လည်တင်ပေးဖို့လိုအပ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဖုန်းမှာပါတဲ့အတိုင်း အသုံးပြုသူများထံရောင်းချတဲ့အခါ အသုံးပြုသူများအတွက် အသုံးပြုရတာမလိုအပ်သောခက်ခဲမှုမျိုးကိုကြုံတွေ့ရစေပါတယ်။

အဲ့ဒီလို UnOfficial Custom ROM တွေကြောင့်ပဲ အခန့်မသင့်လို့ Malware တွေပါဝင်လာခဲ့ရင် အသုံးပြုသူရဲ့ဖုန်းအတွင်းမှာ (Eg; Mobile Banking) လိုစနစ်မျိုးအသုံးပြုတာမျိုးအတွက် အန္တရာယ်ရှိနိုင်တာမျိုးတွေရှိပါတယ်။ အဲ့ဒီလိုပြဿနာမျိုးဟာ လက်ရှိမှာ တရုတ်ဈေးကွက်အတွင်းမှာတောင်မှ ရှိနေဆဲပဲဖြစ်ပါတယ်။

အခြားပြဿနာတခုကတော့ မတော်တဆ မိမိတို့ရဲ့ဖုန်းပျောက်ဆုံးသွားခဲ့ရင်သော်လည်းကောင်း၊ မိမိတို့ရဲ့ဖုန်းအခိုးခံရရင်သော်လည်းကောင်း၊ အဲ့ဒီဖုန်းရရှိသွားသူဟာ အလွယ်တကူပဲ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားဖုန်းဆိုင်များတွင်သော်လည်းကောင်း MIUI ROM အသစ်ပြန်တင်ပြီးအသုံးပြုရင် ဖုန်းအသစ်တလုံးလိုအလွယ်တကူအသုံးပြုလို့ရပါတယ်။ ဒါကြောင့် ဖုန်းပျောက်ဆုံးသူဟာ သူ့ရဲ့ဖုန်းကိုပြန်ရဖို့အတွက် ရာခိုင်နှုန်းအားဖြင့် အင်မတန်မှနည်းပါးလွန်းပါတယ်။ (လက်ရှိမှာ Bootloader Locked Devices အပါအဝင် လုံခြုံရေးမြင့်မားပါပြီဆိုတဲ့ Apple Devices တွေတောင်မှ ပျောက်ဆုံးခဲ့ရင် ပြန်ရဖို့ရာခိုင်နှုန်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ အင်မတန်နည်းပါးပါတယ်) ။

အဲ့ဒီလိုနဲ့ MIUI Developer ROM version update တခုမှာစတင်ပြီး Xiaomi ဖုန်းတလုံးကို System wipe (Flash All) လုပ်ပြီး ပြန်လည်အသုံးပြုရင် Mi Account Info တောင်းတဲ့ Features တခုကိုစတင်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် Fastboot Method (MIUI ROM Flashing Methods) ကိုကောင်းမွန်စွာအသုံးပြုတတ်တဲ့သူတယောက်ကိုတော့ ဒီနည်းလမ်းဟာအသုံးဝင်မှာမဟုတ်ပါဘူး။

ဒါတွေကြောင့်ပဲ Xiaomi ဟာ သူ့ရဲ့ဖုန်းတွေကို Bootloader Locked လုပ်ဖို့ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် Mi Cloud ရဲ့ Find Device function ကိုလည်းပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ကြပြီး System update မှတဆင့်အတည်ပြုတဲ့စနစ်ကိုလည်းပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနည်းစနစ်တွေကြောင့် Xiaomi ဖုန်းအသုံးပြုသူတို့ရဲ့ User data (Personal data) တွေဟာပိုပြီးလုံခြုံမှုရှိစေသလို အသုံးပြုသူအတွက်လည်း ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

Bootloader Locked မှာ ဘာတွေပြောင်းလဲသွားမလဲ?
Bootloader Lock ကြောင့် ပုံမှန်ပြုလုပ်ရတဲ့ OTA Update တွေမှာသက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။ Bootloader Locked ဖြစ်နေခဲ့ရင် ယခင် MIUI China Developer ROM တွေမှာပါဝင်တဲ့ Root စနစ်ဟာ Locked ဖြစ်နေမှာဖြစ်တဲ့အတွက် အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ၎င်းကိုအသုံးပြုချင်ပါက မိမိတို့ဖုန်းကို အရင်ဆုံး Bootloader Unlock ပြုလုပ်ဖို့လိုအပ်ပါတယ်။

Mi Recovery Mode ကိုလည်းပြုပြင်ပြောင်းလဲထားပါတယ်။ Mi Recovery ကိုအသုံးပြုပြီး Recovery package file တွေနဲ့ Flash လုပ်ဖို့ရန် Mi PC Suite ကိုအသုံးပြုဖို့လိုအပ်ပါတယ်။

Bootloader Locked ဖြစ်နေရင် Fastboot ROM အသုံးပြုပြီး Fastboot Mode မှ Mi Flash Tool အသုံးပြုပြီး Flash လုပ်လို့ရမှာမဟုတ်ပါဘူး။ ထိုကဲ့သို့လုပ်ဆောင်ဖို့ရန် အရင်ဆုံး Bootloader Unlock ပြုလုပ်ဖို့လိုအပ်ပါတယ်။

Xiaomi ရဲ့ Bootloader Locked ပြုလုပ်ခြင်းဟာ အသုံးပြုသူ Users များအတွက်ပိုမိုအဆင်ပြေစေရန်အတွက်သာပြုလုပ်ခြင်းဖြစ်တဲ့အတွက် Xiaomi ဖုန်းတလုံးကို နည်းလမ်းစုံအောင်ကလိတတ်သူများနဲ့ အဆင့်မြှင့်တင်မှုပြုလုပ်သူတွေအတွက် အတားအဆီးတခုဖြစ်နေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွမ်းကျင်စွာအသုံးပြုတတ်သူများအတွက် Bootloader Unlock ပြုလုပ်တဲ့နည်းလမ်းတွေနဲ့၊ နည်းစနစ်တွေကို ဆောင်ရွက်ထားပေးပြီးဖြစ်ပါတယ်။ ဒါကြောင့် Bootloader Unlock ပြုလုပ်ပြီးပါက ဟိုးယခင်လိုပဲ Bootloader Locked မပြုလုပ်ခင်ကလိုပဲ မိမိတို့ဖုန်းကို စိတ်ကြိုက်ကလိနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီလိုပြောလို့ Bootloader Unlock ပြုလုပ်တာခက်ခဲသလားဆိုတော့လည်း မခက်ခဲပါ။ အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။

Bootloader Unlock ပြုလုပ်တဲ့နေရာမှာ အဓိကလိုအပ်တာကတော့ Unlock Password ရယူဖို့ရန်အတွက် အင်တာနက်ကော်နက်ရှင်လိုအပ်ပါတယ်။ ဒါ့အပြင် မိမိဖုန်းမှာ Signed In ပြုလုပ်ထားတဲ့ Mi Account နဲ့ Unlock ပြုလုပ်ဖို့ရန်အသုံးပြုမည့် Unlock Tool မှာ Sign In ဝင်မည့် Mi Account တို့ဟာ တူညီနေဖို့တော့လိုအပ်ပါတယ်။ အဲ့ဒီလိုတူညီမှုမရှိရင်တော့ Bootloader Unlock ပြုလုပ်ခြင်းအောင်မြင်မှာမဟုတ်ပါဘူး။ ဒီလိုနည်းလမ်းတွေကြောင့်ပဲ မိမိတို့ရဲ့ဖုန်းအတွင်းမှာရှိတဲ့ မိမိတို့ရဲ့ Personal data တွေကိုလုံခြုံမှုပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

(သတိပြုရန်။ သင်ဟာ Android အကြောင်းကိုနားမလည်ဘူးဆိုရင် (သို့မဟုတ်) MIUI ROM Flashing နဲ့ Custom ROMs တွေအကြောင်းကို အခြေခံလောက်မှ မသိနားမလည်ဘူးဆိုရင် Bootloader Unlock ပြုလုပ်ဖို့ရန်အတွက် အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံမရှိပဲ မှားယွင်းလုပ်ဆောင်မှုတွေကြောင့် မိမိဖုန်းကို ထိခိုက်မှုတွေဖြစ်စေနိုင်သလို၊ မိမိဖုန်းအတွင်းရှိ Personal data တွေလည်း မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရစေနိုင်ပါတယ်ခင်ဗျာ။)