MIUI Update ကို ဘယ်လိုလုပ်ရသလဲ? မိမိဖုန်းမှာ MIUI Latest Update ဘာကြောင့်မရတာလဲ?

In News, Tools, Tips and Tutorials On
- Updated

Xiaomi ရဲ့ MIUI ဆိုတာတကယ်တော့ Update တွေနဲ့အရမ်းအသုံးပြုလို့ကောင်းတဲ့ Redefined Android တစ်မျိုးပါ။ MIUI ROM version “Alpha” ကနေစတင်ပြီး Stable ROM ထိကို တဆင့်ချင်း၊ အဆင့်ဆင့်ကောင်းမွန်အောင်လုပ်ဆောင်ပြီး သုံးဆွဲသူ MIUIers တွေကို Update တွေနဲ့ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် Xiaomi အသုံးပြုသူများအနေဖြင့် Xiaomi ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင် MIUI Beta ROM (Develpoer ROM) ဆိုရင် တစ်ပါတ်တစ်ခါပုံမှန် Update လုပ်ပေးဖို့လိုအပ်သလို၊ MIUI Stable ROM တွေဆိုရင်လည်း (၂) လတစ်ကြိမ် (ပုံမှန်အားဖြင့်) Update ထုတ်ပေးရင်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Update ဆိုတာဘာလဲဆိုတာရယ်၊ Update ဘယ်နှစ်မျိုးရှိတယ်ဆိုတာရယ်၊ Update ဘယ်လိုရယူနိုင်တယ်ဆိုတာလေးကို Myanmar MIUIers များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

MIUI Updater

MIUI ROM အတွက် Features အသစ်တွေထပ်မံထည့်သွင်းဖို့နဲ့ MIUI Bugs (Error) တွေကိုဖြေရှင်းဖို့အတွက် ယေဘုယျအားဖြင့် MIUI Team ဟာ Updater Apps မှတဆင့် Update တွေထုတ်ပေးပါတယ်။

Different Types of ROM updates

MIUI ROM Update အမျိုးအစားကွဲတွေရှိပါတယ်။ ဘာတွေလည်းဆိုတော့…

  • MIUI Alpha ROM Update
  • MIUI Nightly ROM Update (or) Beta ROM Update
  • MIUI Developer ROM Update (or) Stable ROM Update
    တို့ပဲဖြစ်ကြပါတယ်။

MIUI Alpha ROM Update 

MIUI Alpha ROM ဆိုတာ MIUI Tester များ Testing လုပ်ဖို့အတွက် MIUI Developer Team မှ ပထမဦးဆုံးကြိုတင်ထုတ်ပေးတဲ့ MIUI ROM တမျိုးဖြစ်ပါတယ်။ ၎င်း ROM အတွက်နေ့စဉ် Update (Daily Update) ထုတ်ပေးပါတယ်။ ဒါကြောင့် ၎င်း ROM မှာပဲ Features အသစ်တွေကိုပထမဦးဆုံးရရှိသလို သာမာန်အသုံးပြုသူအတွက်အဆင်မပြေနိုင်တဲ့ Bugs (Error) တွေလည်းပါဝင်နိုင်ပါတယ်။ ၎င်း Alpha ROM Update ကို အပါတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိထုတ်ပေးပေးပါတယ်။ ဒီနေရာမှာတခုပြောလိုတာက အခြေခံအားဖြင့် Alpha ROM ဆိုတာ ပုံမှန်အားဖြင့် Public ပေးသုံးတာမျိုးမဟုတ်ပဲ အသုံးပြုခွင့်ရရှိတဲ့ Tester များသာအသုံးပြုနိုင်ပါတယ်။

MIUI Nightly (or) Beta Update

MIUI Nightly or Beta ROM Update ကို အပါတ်စဉ် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိထုတ်ပေးတာဖြစ်ပြီး သတ်မှတ်ပေးထားတဲ့အသုံးပြုသူများသာ (Only Forum Special Team Members) အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ ၎င်း Nightly Update တွေဟာ အပါတ်စဉ် သောကြာနေ့တိုင်းထုတ်ပေးနေကျဖြစ်တဲ့ MIUI Beta Update (Developer ROM) မထုတ်လုပ်ပေးခင်မှာထုတ်ပေးတဲ့ Testing လုပ်ရန်ထုတ်လုပ်ပေးတဲ့ ROM Update ပဲဖြစ်ပါတယ်။ Nightly ဆိုတာ စမ်းသပ်အသုံးပြုဖို့ ROM ဖြစ်ပါတယ်။

MIUI Developer (or) Stable Update

MIUI Developer (or) Stable ROM Update ဆိုတာအားလုံးလွတ်လပ်စွာအသုံးပြုဖို့ထုတ်လုပ်ပေးတဲ့ Public ROM ဖြစ်ပါတယ်။ MIUI Developer ROM Update ကို အပါတ်စဉ် တစ်ပါတ်တစ်ခါထုတ်လုပ်ပေးတာဖြစ်ပြီး MIUI Stable ROM Update ကိုတော့ ပုံမှန်အားဖြင့် (၂) လတစ်ကြိမ်ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ မည်သူမဆို ၎င်း ROM Updates များကိုရယူအသုံးပြုနိုင်ပါတယ်။

အမေး : MIUI updates ကိုဘယ်လိုရရှိမလဲ?

အဖြေ :
MIUI Alpha
MIUI Alpha ROM ကို မိမိရဲ့ Device မှာ Flash လုပ်ပါ။ မိမိရဲ့ Mi Account ကို Sign In လုပ်ပါ။ Alpha ROM Update ကို Alpha ROM အသုံးပြုခွင့်ရရှိသူတိုင်း အပါတ်စဉ်နေ့တိုင်း Update ရရှိမှာဖြစ်ပါတယ်။ Alpha ROM အသုံးပြုခွင့်ရရှိသူသာလျှင် ပုံမှန် MIUI OTA (On The Air) Update ကိုရရှိမှာဖြစ်ပါတယ်။

MIUI Nightly
MIUI Developer ROM ကို မိမိရဲ့ Device မှာ Flash လုပ်ပါ။ မိမိရဲ့ Mi Account ကို Sign In လုပ်ပါ။ MIUI Developer ROM အသုံးပြုသူများထဲကမှ Beta Daily Update (Nightly Update) အသုံးပြုခွင့်ရရှိသူ (Special Team Members) များသာ Nightly Update ကိုပုံမှန်အပါတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့ထိရရှိမည်ဖြစ်ပါသည်။

MIUI Developer 
MIUI Developer ROM ကို မိမိရဲ့ Device မှာ Flash လုပ်ပါ။ ၎င်း Update ကို အပါတ်စဉ်တစ်ပါတ်တစ်ခါ သောကြာနေ့တိုင်းထုတ်ပေးပါသည်။ (မှတ်ချက်။ MIUI Developer ROM (or) Beta ROM သည် တပတ်တကြိမ် (Weekly Update) Update လုပ်ပြီးအသုံးပြုရသော ROM ဖြစ်တဲ့အတွက် Normal Users များနှင့် Weekly Update မလုပ်သောသူများ အသုံးပြုရန်မသင့်ပါ။)

MIUI Stable 
MIUI Stable ROM ကို မိမိရဲ့ Device မှာ Flash လုပ်ပါ။ MIUI Stable Update ကိုတော့ (၂) လမှာတစ်ကြိမ်ပုံမှန်အားဖြင့်ထုတ်လုပ်ပေးပါတယ်။ တစ်ခါတစ်လေမှာတော့ အရေးကြီးတဲ့ Bugs (Error) ရှိလို့ဖြေရှင်းဖို့ရန်အတွက် ရံဖန်ရံခါ (၁) လအတွင်း Update ထုတ်ပေးပါတယ်။

မေးခွန်း : MIUI China ROM ဆိုတာဘာလဲ? နှင့် MIUI Global ROM ဆိုတာဘာလဲ?

ဖြေ :
MIUI China ROM
MIUI China ROM ဆိုတာကတော့ ပုံမှန်အားဖြင့် တရုတ်လူမျိုးများအသုံးပြုဖို့အတွက် အဓိကထုတ်လုပ်ထားတဲ့ ROM ဖြစ်ပါတယ်။ ၎င်း ROM မှာ ကြိုတင်ထည့်သွင်းထားတဲ့ Google Apps နဲ့ Google Services တို့မပါဝင်ပါဘူး။ ပါဝင်တဲ့ဘာသာစကားကိုလည်းကန့်သတ်ထားပါတယ်၊ တရုတ်ဘာသာစကား (၂) ခုနဲ့၊ အင်္ဂလိပ်ဘာသာစကား (၁) တခုသာပါဝင်ပါတယ်။ သို့ပေမယ့် ၎င်း MIUI China ROM မှာ MIUI Apps Market နဲ့ ထူးခြားတဲ့ Features တွေတော့သီးခြားပါဝင်ပါတယ်။

MIUI Global ROM 
MIUI Global ROM ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ Xiaomi အသုံးပြုသူများ၊ MIUI အသုံးပြုသူများအတွက်အထူးထုတ်လုပ်ထားတဲ့ ROM ဖြစ်ပါတယ်။ ၎င်း ROM မှာ ကြိုတင်ထည့်သွင်းထားတဲ့ Google Apps နဲ့ Google Services တို့ပါဝင်ပြီးသားဖြစ်ပါတယ်။ ၎င်း ROM မှာ ဘာသာစကားတော်တော်များများ (Translated by MIUI Translation Team) ကိုထောက်ပံ့ပေးထားပြီး ထူးခြားတဲ့ Features အချို့လည်းပါဝင်ပြီးသားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် MIUI Global ROM ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စိစစ်ခြင်းကို Google က အဓိကလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

မေးခွန်း : MIUI Developer ROM တင်ထားတဲ့ Device မှာ MIUI Stable ROM Update ရရှိနိုင်ပါသလား?

ဖြေ :
မရနိုင်ပါဘူး။ မိမိတို့ Device မှာတင်ထားတဲ့ သက်ဆိုင်ရာ MIUI ROM ရဲ့ Update ကိုသာရရှိမှာဖြစ်ပါတယ်။ MIUI Developer ROM မှာ MIUI Stable ROM Update မရရှိနိုင်သလို MIUI Stable ROM မှာလည်း MIUI Developer ROM Update ကိုမရရှိနိုင်ပါဘူး။

မေးခွန်း : Update ထုတ်ပေးပြီးဖြစ်သော်လည်း ဘာကြောင့် Updater Apps မှာ Update မပေါ်ရတာလဲ?

ဖြေ :
ထုတ်ပေးလိုက်တဲ့ MIUI ROM Update မှာ အရေးကြီးတဲ့ Bugs (Error) သို့မဟုတ် အခြားအရေးကြီးပြင်ဆင်မှုမျိုးပြုလုပ်ဖို့လိုအပ်ခဲ့ပါက MIUI Developer Team ကနေပြီးတော့ ၎င်း Update ကို ပြန်လည်ရုတ်သိမ်းမှုပြုလုပ်ပါတယ်။ ဒါကြောင့် Update ရုတ်သိမ်းမှုမျိုးပြုလုပ်ပါက ၎င်း Update ကို MIUI Updater Apps မှာမြင်တွေ့ရဦးမှာမဟုတ်ပါဘူး။ ပြန်လည်ပြင်ဆင်ပြီး Update ထပ်မံတင်ပေးမှသာ မြင်ရမည်ဖြစ်ပြီးအသုံးပြုလို့ရမည်ဖြစ်ပါသည်။

(တခါတလေမှာ Server Load များလွန်းတဲ့အတွက် Update ဆွဲမရတာမျိုးလည်းဖြစ်နိုင်ပါတယ်။)

Ref: Source

 

>> ဖော်ပြပါပို့စ်အား PDF Format ဖြင့်ရယူလိုပါက <<

Download Here

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu