Battery Health (Beta) Function ဖြင့် သင့် iPhone Battery အခြေအနေစစ်ဆေးခြင်း

In Tools, Tips and Tutorials On
- Updated

iOS 11.3 မှာဆိုရင် Battery Health (Beta) Function စပါဝင်လာပြီးဖြစ်တဲ့အတွက် အရင်လို Result တွေမှန်ကန်မှုသိပ်မရှိတဲ့ Third Party Apps တွေနဲ့ Battery အခြေအနေတွေစစ်စရာမလိုတော့ပါဘူး။နောက် Used iPhone တွေဝယ်မဲ့ Users တွေအနေနဲ့လည်း မဝယ်ခင် Device ရဲ့ Battery အခြေအနေကို Check လုပ်လို့ရပြီပေါ့။ 

Battery Health (Beta) Function ကတော့ iPhone 6 နှင့်အထက် iPhone များမှာသာပါဝင်ပြီးတော့ iPad တွေမှာတော့မပါဝင်သေးပါဘူး။ အခု ကို့ iPhone ရဲ့ Battery Performance ကိုစစ်ဖို့အတွက် iOS 11.3 ကိုတင်ပြီးတာနဲ့ Setting > Battery > Battery Health (Beta) ထဲမှာဝင်ကြည့်လိုက်ပါ။ Maximum Capacity ကိုမကြည့်ပဲနဲ့ Peak Performance Capability ကိုကြည့်ဖို့လိုပါတယ်။ 

Performance is Normal

သင့် iPhone ရဲ့ Battery Performance ကကောင်းနေမယ်။ ပုံမန်အခြေအနေအတိုင်းပဲဆိုရင် ဒီပုံလေးပြနေပါလိမ့်မယ်။ အဲ့ဒါဆိုရင် ကို့Device ရဲ့ Battery နဲ့ပတ်သတ်တဲ့ စိတ်ပူနေစရာမလိုပါဘူး။ 

Performance Management Applied

သင့် iPhone မှာ Performance Management Function ကို Applied လုပ်ခံလိုက်ရပြီဆိုရင်ဒီပုံလေးပြနေပါလိမ့်မယ်။ Battery ရဲ့ Performance ကအရမ်းကြီးစိုးရွားနေတဲ့အခြေအနေမဟုတ်ပေမဲ့ မမျှော်လင့်ပဲ Power ပိတ်သွားခြင်း Battery အကုန်မြန်းခြင်း တွေကိုဟန့်တားနိုင်ဖို့အတွက် Performance Management Function က Auto On သွားမှာဖြစ်ပါတယ်။ Disable ဆိုတဲ့ အပြာစာတန်းလေးကိုနှိပ်လိုက်ရင်တော့ Performance Management Function Off သွားပါလိမ့်မယ်။

 

Performance Management Turned Off

ဒါကတော့အပေါ်မှာပြခဲ့တဲ့ Performance Management Applied ကို Disable လုပ်မိတဲ့အချိန်မှာ ပြနေမဲ့ပုံုပဲဖြစ်ပါတယ်။ Disable သာမတော်တဆလုပ်မိလိုက်ရင်တော့ ကျနော်အပေါ်မှာပြောခဲ့သလို မမျှော်လင့်ပဲ Power ပိတ်သွားခြင်း Battery အကုန်မြန်းခြင်းတွေဖြစ်လာနိုင်ပါတယ်။ အဲ့လိုမကြာခဏဖြစ်နေရင်တော့ Performance Management Function Auto On သွားမှာဖြစ်ပါတယ်။ 

Battery Health Unknown

Device ရဲ့ Setting ကနေသင့် Battery Performance ကိုမတိုင်းတာနိုင်တော့တဲ့အခြေအနေဆိုရင်ဒီပုံလေးကိုမြင်ရပါလိမ့်မယ်။ ဒီလိုဖြစ်ရခြင်းဟာ Apple ကတရာဝင်ထုတ်ထားတဲ့
Battery ကိုလှဲထားခြင်းမဟုတ်တဲ့ Device တွေမှာအဖြစ်များတယ်လို့သိရပါတယ်။ အကယ်၍များ သင်မလဲလှယ်ထာဖူးရင်တော့ Apple Authorized Service ပေးတဲ့နေရာမှာ Apple ကထုတ်ထားတဲ့ Battery လဲလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။ 

Battery Health Degraded

ဒါကတော့ သင့် Battery ရဲ့ Performance ဟာသိသိသာသာလျှော့ကျနေတဲ့အခြေအနေမှာပြမဲ့ပုံုဖြစ်ပါတယ်။ ဒီလိုသာပြလာပြီဆိုရင်တော့ Apple Authorized Service ပေးတဲ့နေရာမှာ Apple ကထုတ်ထားတဲ့ Battery သွားလဲလိုက်ပါ။ 

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu