[News] Mi Pad 3: MTK Hexa-core CPU, 6600mAh Battery with 7th Mi Anniversary

In Xiaomi

Xiaomi ကို Lei Jun နဲ့အတူ Co-founder (၈) ဦးတို့ဟာ April 6, 2010 မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် (၇) နှစ်ဆိုတဲ့ အချိန်ကာလတခုအတွင်း အောင်မြင်မှုတွေကိုဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဒါကြောင့် မနက်ဖြန်မှာ Xiaomi ရဲ့ 7th Anniversary ပွဲမှာ New Product တခုဖြစ်တဲ့ Mi Pad 3 ကို စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ 

Highlights: 

  • 7.9 Inches IPS Display
  • Powered MediaTek high-performance tablet PC processor MT8176 frequency up to 2.1GHz, 28nm processor
  • IMG GX6250 Graphics Processor
  • 4GB LLDDR3
  • 64GB eMMC5.0
  • Premium metal body and 2.5D curved glass
  • 6600mAh battery
  • MIUI 8 Redefined Android OS
  • 13MP Rear Camera, 5MP Front Camera
  • 4GB + 64 GB ¥1499 ($217)

Mi Pad 3 ရဲ့ Battery ပိုင်းကို 6600mAh ရှိတဲ့ Battery ကိုအသုံးပြုထားတာဖြစ်ပြီး Charging ပိုင်းကိုလည်း 5V 2A Quick Charging စနစ်ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။ အဆိုပါ Mi Pad 3 မှာဆိုရင် Video Streaming ကြည့်ရင် 12 နာရီနှင့်အထက်အားခံနိုင်ပြီး၊ Standby Mode အနေနဲ့ဆိုရင်တော့ 867 hours ခံနိုင်မယ်လို့ဆိုထားပါတယ်။ 

Mi Pad 3 မှာ RAM 4GB ရှိမည်ဖြစ်ပြီး Storage ကိုတော့ 64GB နဲ့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Mi Pad 3 ရဲ့ CPU ပိုင်းကိုတော့ MediaTek ရဲ့ Tablet processor ဖြစ်တဲ့ 64-bit 2.1GHz Hexa-core tablet processor MT8176 ကိုအသုံးပြုထားတာဖြစ်ပြီး Graphic ပိုင်းကိုတော့ IMG PowerVR GX6250 GPU ထည့်သွင်းအသုံးပြုပေးထားတာဖြစ်တဲ့အတွက် 3D Gaming နဲ့ Video ရုပ်ထွက်ပိုင်းမှာ ထူးခြားကောင်းမွန်စေမှာပါ။ 

Mi Pad 3 ရဲ့ Display size ကတော့ 7.9 Inches ရှိပြီး 2048p x 1536p Resolution နဲ့ 326 PPI ရှိပါတယ်။ အားနည်းချက်တခုအနေနဲ့ကတော့ Mi Pad 3 မှာ SIM Card slot မပါဝင်တဲ့အတွက် Mobile Data အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ Mi Pad 3 မှာ MIUI 8 ကို ထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပြီး 13MP Rear Camera နဲ့ 5MP Selfie Camera ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်။ 

အဆိုပါ Mi Pad 3 ကို မနက်ဖြန် 7th Mi Festival မှာ စတင်ရောင်းချပေးမှာဖြစ်ပြီး တရုတ် Yuan ¥1499 ($217) ရှိမယ်လို့သိရပါတယ်။ အရောင်အားဖြင့်လည်း Gold color တမျိုးတည်းသာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ 

You may also read!

[News] Xiaomi Launches First USB Type C Earphones

Xiaomi ဟာ May 19 ရက်နေ့မှာပဲ 3.5mm Audio jack port မပါဝင်တဲ့ Mi 6 ကဲ့သို့ Devices များမှာအသုံးပြုနိုင်ဖို့အတွက် USB Type C အသုံးပြုထားတဲ့

Read More...

[News] Xiaomi Mi 6 Comes With 6GB RAM, Snapdragon 835, Dual Camera

Xiaomi ဟာ သူ့ရဲ့ New product ဖြစ်တဲ့ Xiaomi Mi 6 flagship device ကို ဒီကနေ့ April 19 မှာပဲမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Mi 6

Read More...

[News] Xiaomi Launches Mi Panoramic 360 Degree Camera With Wi-Fi Connectivity

Xiaomi ဟာ Mi Panoramic 360 Degree Camera ကို ဒီကနေ့ပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်း Mi Panoramic 360 Degree Camera နဲ့အတူ Videos တွေနဲ့

Read More...

Mobile Sliding Menu