အသစ်ထွက်ရှိမယ့် MIUI 9 ဟာ ပေါ့ပါးပြီး ရိုးရှင်းတဲ့ ROM အဖြစ်ထွက်ရှိလာမှာဖြစ်ပြီး၊ သင့်ရဲ့ထင်မြင်မှုတွေကရော ဘယ်လိုရှိမလဲ?

In General, Xiaomi

MIUI ဆိုတာ User-friendly ဖြစ်တယ်၊ လှပတဲ့ UI (User Interface) ရှိတဲ့ လူကြိုက်များတဲ့ Customized Android ROM တမျိုးဖြစ်ပါတယ်။ ဒါ့အပြင် MIUI ရဲ့ သိသာတာတခုကတော့ Alpha ROM, Beta ROM နဲ့ Stable ROM ဆိုပြီး အချိန်နှင့်အမျှ Updates တွေထုတ်ပေးခြင်းဖြစ်ပါတယ်။ Up-to-date MIUI ROMs တွေကို MIUI Official Recovery ROM Download Page ဖြစ်တဲ့ MIUI Recovery ROM Download မှာ ကြည့်ရှု၊ သိရှိ၊ ရယူနိုင်ပါတယ်ခင်ဗျာ။

MIUI ROMs တွေကို နှစ်စဉ်ပုံမှန် Updates တွေထုတ်ပေးသွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပုံမှန်ထုတ်လုပ်ပေးလာတာ ယခုဆိုရင် MIUI 8 ထိရောက်ရှိလို့နေပြီဖြစ်ပါတယ်။ MIUI ROM အသစ်မိတ်ဆက်ခြင်းကို ပုံမှန်အားဖြင့် 16th August မှာ MIUI ရဲ့ Head ဖြစ်တဲ့ Hong Feng မှ မိတ်ဆက်ပေးတာဖြစ်ပါတယ်။ ဒါပေမယ်လို့ ချွင်းချက်အနေနဲ့ ယခုနောက်ဆုံးထွက်ရှိထားတဲ့ MIUI 8 ROMs ကိုတော့ 10th May 2016 မှာ Mi Max Smartphone နှင့်အတူ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ MIUI ရဲ့ နောက်ထပ် Update ဖြစ်တဲ့ MIUI 9 နဲ့ပါတ်သတ်လို့ May 2017 လည်းနီးလာပြီဆိုတော့ MIUI 9 နဲ့ပါတ်သတ်တဲ့ တရားဝင်သတင်းထုတ်ပြန်မှုတွေ မကြာခင်သိရဖို့နီးလာပြီပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ယခု Online မှာထွက်ရှိထားတဲ့ MIUI 9 နဲ့ပါတ်သတ်တဲ့ ဘယ်နေ့ထွက်မယ်ဆိုတာတို့၊ မည်သည့် Xiaomi Devices တွေမှာ MIUI 9 ရရှိမယ်တို့၊ MIUI 9 ရဲ့ Features တွေဟာဘာတွေဖြစ်တယ်တို့ စတဲ့ Websites တွေ၊ Facebook Pages တွေ၊ Facebook Groups တွေမှရေးသားချက်တွေဟာ ***Fake Only*** သာဖြစ်ကြပါတယ်။

MIUI 9 နဲ့ပါတ်သတ်ပြီး MIUI Development Team အနေနဲ့ လက်ရှိမှာ Development ပြုလုပ်ဆဲကာလပဲရှိပါသေးတယ်လို့သိရပါတယ်။ ဒါကြောင့် MIUI 9 နဲ့ပါတ်သတ်ပြီး လက်ရှိအချိန်မှာ မည်သည့်သတင်းမှထုတ်ဖော်ပြောကြားလို့မရသေးပါဘူးခင်ဗျာ။

MIUI 9 နဲ့ပါတ်သတ်ပြီး သင့်ရဲ့ထင်မြင်ယူဆချက်တွေကရော ဘယ်လိုဖြစ်မလဲ ?

MIUI 9 ဟာ လက်ရှိ MIUI 8 ထက် ပိုမိုပေါ့ပါး ရိုးရှင်းသွက်လက်ပါမယ်။
MIUI 9 မှာ ယခုထွက်ရှိတဲ့ MIUI Versions တွေရဲ့ Users အသုံးပြုခြင်း မရှိနိုင်တဲ့ Features တွေကို ဖယ်ထုတ်သွားပါမယ်။

Ref: Source

You may also read!

MIUI 9 ခန့်မှန်းရက်စွဲထွက်ပေါ်ပြီး မကြာခင်မိတ်ဆက်ပေးမည့်အကြောင်း Xiaomi အတည်ပြု

MIUI 9 ဘယ်တော့ထွက်မှာလဲ? ဆိုတဲ့မေးခွန်းဟာ အခုရက်ပိုင်း MIUI Official Forum နဲ့တကွ ကျွန်တော်တို့ Local Facebook Group တွေမှာပါ အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ Xiaomi ဖုန်းအသုံးပြုသူတိုင်းဟာလည်း လာမယ့် MIUI

Read More...

စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စများအတွက် Xiaomi နှင့် Nokia တို့ သဘောတူလက်မှတ်ရေးထိုး

ဒီကနေ့ ဂျူလိုင်လ (၅) ရက်နေ့မှာ Espoo, Finland မှာရှိတဲ့ Nokia နဲ့ Beijing, China မှာရှိတဲ့ Xiaomi တို့ဟာ စီးပွားရေးလုပ်ငန်းတခုပူးပေါင်းလုပ်ဆောင်ခြင်းသဘောတူညီချက်နဲ့ မူပိုင်ခွင့်သဘောတူညီချက်တို့နဲ့ပါတ်သတ်ပြီး သဘောတူလက်မှတ်ရေးထိုးပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Read More...

[News] ယခင် Ninebot တွေနဲ့မတူ ပိုပြီးထူးခြားကောင်းမွန်အောင်ထုတ်လုပ်လိုက်တဲ့ Ninebot Plus

Xiaomi ဟာ မကြာခင်ရက်ပိုင်းအတွင်းကပဲ Mi Ultrasonic Tooth Brush နဲ့ Mi Laser Projector တို့နဲ့အတူ Ninebot Plus ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ယခု Ninebot Plus

Read More...

Mobile Sliding Menu