MIUI 9 ခန့်မှန်းရက်စွဲထွက်ပေါ်ပြီး မကြာခင်မိတ်ဆက်ပေးမည့်အကြောင်း Xiaomi အတည်ပြု

In MIUI, Xiaomi

MIUI 9 ဘယ်တော့ထွက်မှာလဲ? ဆိုတဲ့မေးခွန်းဟာ အခုရက်ပိုင်း MIUI Official Forum နဲ့တကွ ကျွန်တော်တို့ Local Facebook Group တွေမှာပါ အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ Xiaomi ဖုန်းအသုံးပြုသူတိုင်းဟာလည်း လာမယ့် MIUI Version Update နဲ့ပါတ်သတ်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။ လက်ရှိအချိန်မှာ မည်သည့် Search Engines (Eg; Google, Bings…, etc…) မှာမဆို MIUI 9 လို့ရိုက်ရှာခဲ့ရင် ထွက်လာမယ့် Website links တွေ၊ သတင်းတွေအားလုံးဟာ ကောလဟလသတင်းတွေနဲ့၊ သတင်းအတုတွေသာဖြစ်ပါတယ်။ အချို့သော Websites တွေဆိုရင်ပိုဆိုးပါတယ်၊ သတင်းမှားတွေကို ရုပ်တည်နဲ့ဖြန့်နေကြမျိုးတွေလည်းရှိပါတယ်။ အဲ့ဒီလို သတင်းမှားမျိုးနဲ့ပါတ်သတ်တဲ့ ဥပမာတချို့ပြောပြပါ့မယ်။

မကြာခင်အချိန်ပိုင်းက MIUI ရဲ့ Product Manager ဖြစ်သူဟာ Weibo မှာ အထက်ပါ Screenshot တခု တင်ခဲ့ပါတယ်။ သူတင်ခဲ့တာကလည်း Xiaomi ကနေဖန်တီးရေးစွဲထားတဲ့ MIUI Themes တခုရဲ့ Screenshot ဖြစ်ပြီး ထိုကဲ့သို့ Sharing ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ဟာ MIUI Users တွေရဲ့ MIUI 9 Design Feedback ကိုလိုချင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကို အချို့သော သတင်း Websites တွေက အဲ့ဒီ Screenshot ကို MIUI 9 ရဲ့ Screenshot ပါဆိုပြီး သတင်းမှားတွေပေးကြပြန်ပါတယ်။ ဒါကြောင့် အထပ်ပါ Screenshot ဟာ Xiaomi ရဲ့ သာမာန် MIUI Themes တခုမျှသာဖြစ်ပြီး MIUI 9 နဲ့ဘာမှမဆိုင်ပါဘူးခင်ဗျာ။ အဲ့ဒီ Themes ကိုလိုချင်ရင် အောက်ပါ Link မှာ Download ဆွဲပြီးအသုံးပြုနိုင်ပါတယ်။ 

Download Here: Official Geometric Theme Series by Xiaomi Company. Download Them Now!

အခုထပ်မံပြောမယ့်ကိစ္စကတော့ Xiaomi Head of Department ရဲ့ တရားဝင်အတည်ပြုသတင်းဖြစ်ပါတယ်။ MIUI 9 နဲ့ပါတ်သတ်ပြီး August 16, 2017 မတိုင်ခင်သိရမယ်လို့ဆိုပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ MIUI 9 စတင်မိတ်ဆက်ပေးမယ့်ရက်စွဲကို ထပ်မံအသိပေးသွားမှာဖြစ်ပါတယ်။ 

နောက်ထပ်တခုကတော့ MIUI ရဲ့ Weibo မှာအောက်ပါပုံကိုတင်ခဲ့တာဖြစ်ပြီး မည်သည့် Xiaomi devices တွေအတွက် Android 7.0 (Android N) ရရှိမယ့် Lists ကို ဖော်ပြပေးတဲ့အနေနဲ့တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကိုလည်း အချို့သော Websites တချို့ဟာ ၎င်းပုံနဲ့အတူ MIUI 9 ရရှိမယ့် Devices များပါဆိုပြီး သတင်းမှားတွေပေးတာတွေတွေ့ရပါတယ်။ 

ဒါကြောင့် Xiaomi ဖုန်းအသုံးပြုတဲ့ Users များအနေနဲ့အမြင်ရှင်းလင်းစေဖို့က Xiaomi သတင်းဖြစ်စေ၊ MIUI သတင်းဖြစ်စေ Xiaomi Official MIUI Forum မှာသာ တရားဝင်အတည်ပြုသတင်းတွေကို တင်ပေးတာဖြစ်ပါတယ်။

You may also read!

[News] ယခင် Ninebot တွေနဲ့မတူ ပိုပြီးထူးခြားကောင်းမွန်အောင်ထုတ်လုပ်လိုက်တဲ့ Ninebot Plus

Xiaomi ဟာ မကြာခင်ရက်ပိုင်းအတွင်းကပဲ Mi Ultrasonic Tooth Brush နဲ့ Mi Laser Projector တို့နဲ့အတူ Ninebot Plus ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ယခု Ninebot Plus

Read More...

[News] Xiaomi ရဲ့ Mi TV ထည့်သွင်းထုတ်လုပ်လိုက်တဲ့ ပထမဦးဆုံး Mi Laser Projector

Xiaomi ဟာ သူ့ရဲ့ပထမဦးဆုံး Projector ကို မကြာသေးခင်ရက်ပိုင်းက စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Gadget ကို APPTRONICS နဲ့ Texas Instruments တို့နဲ့တွဲဖက်ပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Mi Laser Projector ရဲ့

Read More...

[News] Xiaomi မှ အဆင့်မြင့်နည်းပညာများအသုံးပြုထားတဲ့ Ninebot Plus နဲ့ Mi Laser Projector တို့ကို မိတ်ဆက်

June လ ၂၈ ရက်နေ့မှာ Ninebot Plus နဲ့ Mi Laser Projector တို့ကို Xiaomi မှ ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ ယခု အသစ်ထွက်ရှိလာတဲ့ Ninebot Plus မှာဆိုရင်

Read More...

Mobile Sliding Menu