Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

In News On
- Updated

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces လုပ်လိုက်ပါပြီ။ Red Product တွေကို iOS Users တွေရင်းနှီးပြီးသားဖြစ်မှာပါ။ 

ကျနော်တို့ 11 လပိုင်းရောက်တိုင်း Apps Store က Apps တွေအားလုံးအနီရောင်ပြောင်းသွားကြပါတယ်။ အဲ့အနီရောင် Apps တွေကနေရတဲ့အကျိုးအမြတ်တွေကို AIDS & HIV ဝေဒနာ ရှင်တွေကိုပြန်လှူဒါန်းတဲ့ Program (RED Foundation) လေးတစ်ခုပါ။ အခု Red Edition ကိုလည်း အဲ့ဒီ Program အတွက်ရည်ရွယ်ပြီးထုတ်ထားတာပါဖြစ်ပါတယ်။ iPhone 8 & 8 Plus ကိုင်မဲ့ Users တွေအတွက်အရောင်တစ်မျိုးတိုးလာပြီပေါ့😁။ အခုထွက်လာတဲ့ Red Edition ဟာအရင်နှစ်ကထွက်ခဲ့တဲ့ iPhone 7/ 7 Plus Red Editon ထက်လူကြိုက်များမှာသေချာသလောက်ပါပဲ။ 

အရင်နှစ်က Red Edition ဟာဆိုရင် အရှေ့မျက်နှာပြင်ကအဖြူရောင်ဖြစ်ပြီး အနောက် Body ဟာအနီဖြစ်တဲ့အတွက် သိပ်မလှပါဘူး 😒 အဲ့ဒါကြောင့် အရှေ့ Screen ကို Black Screen Change တဲ့လူတွေတောင်တော်တော်များများရှိခဲ့ပါတယ်။ ဒီ iPhone 8 & 8 Plus ကတော့ရှေ့မျက်နှာပြင် Display ဟာ အနက်ရောင်ဖြစ်ပြီးအနောက်ဘက်ခြမ်းကိုတော့အရင် iPhone 8 & 8 Plus အတိုင်းဖန်သားပြင်နဲ့နီညိုရောင်တောက်တော်ကလေးနဲ့ ဖုံုးအုပ်ထားပြီး Apple Logo ဟာ Silver အရောင်ဆိုတော့ တွေးကြည့်ရုံုနဲ့တင် သွားရည်ယိုစရာကြီးပါ 🤪 

Technical Specification တွေကတော့အရင်ထွက်ပြီးသားဖြစ်တဲ့ iPhone 8 & 8 Plus တွေနဲ့အတူတူဖြစ်ပြီး iPhone 8 & 8 Plus Red Edition ကိုတော့မနက်ဖြန် April (၁၀) ရက်န​ေ့ကစပြီး Order မှာနိုင်ပါပြီ။

မြန်မာပြည်တွင်းကိုတော့ ခန့်မှန်း (၄) လပိုင်းလကုန်ဝန်းကျင်လောက်မှ စတင်ဝင်နိုင်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။ 

You may also read!

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

iDevices တွေမှာ Apps Notification Badges ကို ဘယ်လိုပိတ်မလဲ ?

အားလုံးသိပြီးသားလို့ထင်ပေမဲ့ မသိသေးတဲ့ Users များအတွက်ပါ။ တစ်ချို့ Sensitive ဖြစ်လွန်းတဲ့ Users တွေရှိပါတယ်။ အဲ့ဒါကတော့ Apps Store က Update လုပ်ရမဲ့ Apps အရေအတွက် နံပါတ်အနီကြီးတွေပေါ်နေတယ်။ Update

Read More...

Battery Health (Beta) Function ဖြင့် သင့် iPhone Battery အခြေအနေစစ်ဆေးခြင်း

iOS 11.3 မှာဆိုရင် Battery Health (Beta) Function စပါဝင်လာပြီးဖြစ်တဲ့အတွက် အရင်လို Result တွေမှန်ကန်မှုသိပ်မရှိတဲ့ Third Party Apps တွေနဲ့ Battery အခြေအနေတွေစစ်စရာမလိုတော့ပါဘူး။နောက် Used iPhone

Read More...

Mobile Sliding Menu