Qualcomm’s Snapdragon 435 အသုံးပြုထားသော Redmi 4X ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်

In News On
- Updated

Xiaomi ဟာ သူ့ရဲ့ကိုယ်ပိုင် Processor ဖြစ်တဲ့ “Surge S1” ကိုစတင်မိတ်ဆက်ပေးတဲ့နေ့မှာပဲ “Surge S1” စတင်အသုံးပြုတဲ့ ပထမဦးဆုံး Mi Devices ဖြစ်တဲ့ Mi 5c နဲ့အတူ Redmi 4X ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်ခင်ဗျာ။

၎င်း Redmi 4X ကို Version နှစ်မျိုးထုတ်လုပ်ပေးမှာဖြစ်ပြီး RAM 2GB/ ROM 16GB Version နဲ့ RAM 3GB/ ROM 32GB Version ဆိုပြီးထုတ်လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ၎င်း Redmi 4X မှာ 5-Inch ရှိတဲ့ Screen Size နဲ့အတူ 2.5D Curved Glass Tapered Edges Display ကိုအသုံးပြုထားတာဖြစ်ပါတယ်။ 

အဆိုပါ Redmi 4X မှာ Adreno 505 GPU နှင့်အတူ 1.4GHz ရှိတဲ့ Qualcomm’s Snapdragon 435 Processor ကိုအသုံးပြုထားတာဖြစ်ပြီး 4,100 mAh ရှိတဲ့ Battery တပ်ဆင်အသုံးပြုပေးထားပါတယ်။ Internal Storage 16GB နဲ့ 32GB ထပ်ပိုမိုအသုံးပြုချင်သူများအတွက်လည်း External microSD Card ကို 128GB ထိထပ်မံတိုးချဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Xiaomi Redmi Series တို့ရဲ့ထုံးစံအတိုင်း Rear Camera ကို 13MP နဲ့ Front Camera ကို 5MP တို့တပ်ဆင်အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် ၎င်း Redmi 4X Model အတွက် 2/16 GB Version ကို CNY 699 ($102 USD) နဲ့ 3/32 GB Version ကို CNY 899 ($130 USD) တို့နဲ့ရောင်းချပေးမှာဖြစ်ပြီး Cherry Pink, Champagne Gold နဲ့ Matte Black ဆိုပြီး အရောင် (၃) ရောင်ထုတ်လုပ်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ။

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu