Xiaomi ဖုန်းအသုံးပြုသူများ အကြိုက်တွေ့စေမည့် Mi Max 2 ရဲ့ ထင်ရှားတဲ့ အချက် (၅) ချက်

In News, Xiaomi

မကြာခင်ရက်ပိုင်းကပဲ Xiaomi ရဲ့ Mi Max 2 Model အသစ်ကိုမိတ်ဆက်ပေးခဲ့တာ အားလုံးသိကြပြီးဖြစ်မှာပါ။ မကြာခင်အချိန် တပါတ်၊ နှစ်ပါတ်အတွင်းလောက်ဆိုရင် ပြည်တွင်းစျေးကွက်ကို Mi Max 2 များစတင်ဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် Mi Max 2 ကိုမျှော်လင့်စောင့်စားနေကြတဲ့ Fans တွေနဲ့၊ Mi Max 2 ကို ဝယ်ဖို့စဉ်းစားနေကြတဲ့မိတ်ဆွေတို့အတွက် ရွေးချယ်ဝယ်ယူရလွယ်ကူစေဖို့အတွက် Mi Max 2 ရဲ့ အဓိကရွေးချယ်ဖို့ကောင်းတဲ့ အချက် (၅) ချက်ကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

(၁) Mi Max 2 ဟာ ယခင် Mi Max မှာတုန်းကလိုပဲ 6.44″ ရှိတဲ့အတွက် Screen size ကြီးမားပြီး ပေါ့ပါးတဲ့ Design ရှိတာတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Mi Max 2 ဟာ Smartphone တလုံးဖြစ်ပေမယ့် စျေးကွက်ထဲမှာရှိတဲ့ အခြားပြိုင်ဘက် Smartphones များထက် 43% Display size ကြီးမားတာကြောင့်လည်း Screen size ကြီးကြီးကြိုက်တတ်တဲ့ Users များအတွက်ကတော့ အဓိကရွေးချယ်စရာတခုဖြစ်နေမှာပါ။

(၂) Power Bank တလုံးကဲ့သို့ ကြီးမားတဲ့ Battery Capacity ပါဝင်မှုဟာလည်း Mi Max 2 ကို ပိုပြီးလူကြိုက်များစေတဲ့အချက်တခုလို့ပြောရမှာပါ။ Mi Max 2 မှာ ယခင် Mi Max ထပ်ပိုမိုပြီး Battery Capacity ပိုကြီးမားပြီး အခြားပြိုင်ဘက် Smartphones များထက်လည်း Battery စွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ 5,300 mAh Battery ကိုတပ်ဆင်အသုံးပြုထားတာဖြစ်ပါတယ်။

ဒါကြောင့် Mi Max 2 ကို အားအပြည့်သွင်းပြီး အသုံးပြုမယ်ဆိုရင် (၂) ရက်လောက်ကို Battery အသာလေးအသုံးခံနိုင်မှာဖြစ်ပါတယ်။

Battery Capacity များတာကြောင့် အားသွင်းရတာကြမှာလည်း စိုးရိမ်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ Mi Max 2 မှာ Quick Charge 3.0 အပြင် Parallel charging စနစ်ကြောင့် (၁) နာရီကို 68% အားသွင်းနိုင်မှာဖြစ်ပါတယ်။

(၃) Mi Max 2 ရဲ့ Body တခုလုံးကို သတ္တုကိုယ်ထည်အပြည့်အသုံးပြုထားခြင်းဟာလည်း Mi Max 2 ရဲ့ စွဲမက်ဖွယ်အချက်တခုလို့ပြောရမှာပါ။ ဒါ့အပြင် Mi Max 2 ရဲ့ နောက်ဘက်ကိုယ်ထည်အပေါ်နဲ့ အောက်ခြေဘက်မှာဆိုရင် ဖုန်း Antenna များကို Apple iPhone 7/ 7 Plus မှာလိုမျိုး Unibody Design နဲ့ လိုင်းများမြှုပ်ပြီး အလှဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

(၄) ယခင် Mi Max မှာ လူကြိုက်နည်းခဲ့တဲ့ Camera ပိုင်းကို ယခု Mi Max 2 မှာတော့ အတော်လေးအဆင့်မြှင့်ထားတာတွေ့ရပါတယ်။ ဒါကတော့ 12MP Sony IMX386, 1.25μm (Large pixel camera) ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ၎င်း Mi Max 2 မှာအသုံးပြုထားတဲ့ Camera sensor ဟာ မကြာခင်ကထွက်ရှိထားတဲ့ Flagship ဖုန်း Mi 6 ရဲ့ Primary image sensor နဲ့အတူတူပဲဖြစ်ပါတယ်။

(၅) Mi Max 2 ရဲ့ နောက်ထပ်ထူးခြားတဲ့အချက်တခုကတော့ Stereo speaker (Dual speaker) အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ Stereo speaker အကြောင်းအနည်းငယ်ရှင်းပြဖို့လိုအပ်မယ်ထင်ပါတယ်ခင်ဗျ၊ Mi Max 2 ရဲ့ Stereo speaker ဟာဒီတိုင်းသာမာန်အသုံးပြုစဉ်မှာ Stereo mode အလုပ်လုပ်မှာမဟုတ်ပါဘူး။ Landscape mode (Screen ကို အလျားလိုက်) အသုံးပြုတဲ့အခါမှသာ Stereo mode အလုပ်လုပ်မှာဖြစ်တဲ့ Intelligent stereo speaker ပဲဖြစ်ပါတယ်။

အဆိုပါ Mi Max 2 ကို RAM 4GB/ ROM 64GB နဲ့ RAM 4GB/ ROM 128GB ဆိုပြီး (၂) မျိုးထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး ပြည်တွင်းစျေးကွက်ကိုစတင်ဝင်ရောက်ချိန် ခန့်မှန်းစျေးနှုန်းများကတော့ Mi Max 2 4/64GB Model အတွက် 360,000 ~ 380,000 MMK ဝန်းကျင်နဲ့ Mi Max 2 4/128GB Model အတွက် 430,000 ~ 450,000 MMK ဝန်းကျင် ခန့်ရှိကြမယ်လို့ ခန့်မှန်းရပါတယ်။

ဟုတ်ကဲ့ခင်ဗျ … ဒီအချက်တွေလောက်ဆိုရင် Xiaomi Mi Max 2 ဖုန်းကို ဝယ်ရင်ကောင်းမလား (သို့မဟုတ်) စဉ်းစားရွေးချယ်ရခက်နေသူများအတွက် ရွေးချယ်စဉ်းစားတတ်လောက်ပြီလို့ထင်ပါတယ်ခင်ဗျာ။ 

You may also read!

MIUI 9 ခန့်မှန်းရက်စွဲထွက်ပေါ်ပြီး မကြာခင်မိတ်ဆက်ပေးမည့်အကြောင်း Xiaomi အတည်ပြု

MIUI 9 ဘယ်တော့ထွက်မှာလဲ? ဆိုတဲ့မေးခွန်းဟာ အခုရက်ပိုင်း MIUI Official Forum နဲ့တကွ ကျွန်တော်တို့ Local Facebook Group တွေမှာပါ အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ Xiaomi ဖုန်းအသုံးပြုသူတိုင်းဟာလည်း လာမယ့် MIUI

Read More...

စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စများအတွက် Xiaomi နှင့် Nokia တို့ သဘောတူလက်မှတ်ရေးထိုး

ဒီကနေ့ ဂျူလိုင်လ (၅) ရက်နေ့မှာ Espoo, Finland မှာရှိတဲ့ Nokia နဲ့ Beijing, China မှာရှိတဲ့ Xiaomi တို့ဟာ စီးပွားရေးလုပ်ငန်းတခုပူးပေါင်းလုပ်ဆောင်ခြင်းသဘောတူညီချက်နဲ့ မူပိုင်ခွင့်သဘောတူညီချက်တို့နဲ့ပါတ်သတ်ပြီး သဘောတူလက်မှတ်ရေးထိုးပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Read More...

[News] ယခင် Ninebot တွေနဲ့မတူ ပိုပြီးထူးခြားကောင်းမွန်အောင်ထုတ်လုပ်လိုက်တဲ့ Ninebot Plus

Xiaomi ဟာ မကြာခင်ရက်ပိုင်းအတွင်းကပဲ Mi Ultrasonic Tooth Brush နဲ့ Mi Laser Projector တို့နဲ့အတူ Ninebot Plus ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ယခု Ninebot Plus

Read More...

Mobile Sliding Menu