MIUI Version အသစ် v8.2.x.x တွေနဲ့ Version အဟောင်းတွေဖြစ်တဲ့ MIUI v8.x.x.x တွေရဲ့ကွာခြားချက်များ

In News On
- Updated

ပြီးခဲ့တဲ့ February 16 ရက်နေ့ကနေစတင်ပြီး MIUI 8.2 Update (China & Global) ကို Public စတင်ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ MIUI 8.2 China Stable ROM တွေကတော့ Devices တော်တော်များများအတွက် ရရှိနေပြီးဖြစ်ပေမယ့် MIUI 8.2 Global Stable တွေကတော့ Devices တချို့အတွက်သာရရှိပါသေးတယ်ခင်ဗျာ။ မကြာခင် တပတ်၊ နှစ်ပတ်အတွင်းမှာတော့ Devices အားလုံးနီးပါးအတွက် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် MIUIers များအတွက် OTA Update မှလည်းကောင်း၊ MIUI Update News တွေကိုလည်းကောင်း စောင့်ကြည့်ပြီး တင်နိုင်မှာဖြစ်ပါတယ်။

အခုပို့စ်လေးကတော့ ၎င်းထွက်ရှိလာတဲ့ MIUI 8.2 မှာ ဘာ Features အသစ်တွေပါဝင်လာသလဲ ? ယခင် MIUI 8.0/ 8.1 တွေနဲ့ ဘာတွေကွာခြားသွားလဲဆိုတာတွေကို MIUI ချစ်သူများအတွက် အသေးစိတ်ရှင်းပြပေးတဲ့ ဘာသာပြန်ပို့စ်တခုဖြစ်ပါတယ်ခင်ဗျာ။

(၁) Toggle positions (Settings > Notifications & status bar > Toggle positions)

Toggle ဆိုတာကတော့ ကျွန်တော်တို့ Xiaomi MIUI 8 ROM မှာ Status bar ကိုဆွဲချလိုက်ရင်ပေါ်လာတဲ့ Mobile Data/ Wifi/ Touch စသဖြင့် On/ Off Icons လေးတွေကိုပြောတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Toggle icons (၁၁) ခုကို ဖော်ပြပေးထားပါတယ်။ MIUI 8 ROM မှာ ၎င်း Toggle icons (၂၀) ခုပါဝင်ပြီး Status bar မှာ မိမိနှစ်သက်တဲ့၊ အသုံးလိုတဲ့ Toggle icons (၁၁) ခုကို ဖော်ပြပေးရန်အတွက် Toggle positions ကနေတဆင့် ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

(၂) Automated Tasks / New Features of MIUI 8.2 (Security Apps > Automated tasks)

ဒီ Features ကတော့ MIUI 8.2 မှာစတင်ပါဝင်လာတဲ့ Features အသစ်တခုဖြစ်ပါတယ်။ Automated Tasks လို့ခေါ်ပါတယ်။ သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ အချိန်ကာလတခုအတွက်ဖြစ်စေ၊ ဖုန်းရဲ့ Battery Level အပေါ်မူတည်ပြီးဖြစ်စေ System settings တချို့ကိုအလိုအလျောက်ချိန်းညှိပေးနိုင်မယ့် Features တခုဖြစ်ပါတယ်ခင်ဗျာ။ ချိန်းညှိပေးနိုင်မယ့် System settings တွေကတော့ အချိန်ကာလတခုကနေ တခုထိ Airplane mode ကို On လုပ်နိုင်ခြင်း၊ Battery Level (သို့မဟုတ်) Timer (သို့မဟုတ်) မိမိနှစ်သက်သည့်အချိန်အတိုင်းအတာတခုမှ တခုထိ စသဖြင့် Silent mode On/ Off ပြုလုပ်နိုင်ခြင်း၊ Screen brightness အတိုးအလျော့ပြုလုပ်နိုင်ခြင်း၊ GPS On/ Off ပြုလုပ်နိုင်ခြင်း၊ Sync On/ Off ပြုလုပ်နိုင်ခြင်း၊ Bluetooth On/ Off ပြုလုပ်နိုင်ခြင်း၊ Airplane mode On/ Off ပြုလုပ်နိုင်ခြင်း၊ Mobile data On/ Off ပြုလုပ်နိုင်ခြင်း၊ Wi-Fi On/ Off ပြုလုပ်နိုင်ခြင်း၊ Vibration mode On/ Off ပြုလုပ်နိုင်ခြင်း၊ Auto brightness On/ Off ပြုလုပ်နိုင်ခြင်း၊ Clear memory (Clear cache Device Locked လုပ်ပြီး အချိန်တခုအတွင်း) ပြုလုပ်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

(၃) Home Screen Settings (Settings > Home screen)

Home Screen Settings ကလည်း MIUI 8.2 မှာအသစ်ပါဝင်လာတဲ့ Features တခုဖြစ်ပါတယ်။ ၎င်း Settings မှာပါဝင်တာတွေကတော့ မိမိနှစ်သက်တဲ့ System Launcher ကို Default launcher အဖြစ်ပြောင်းလဲနိုင်ခြင်း၊ Home Screen မှာလွတ်နေတဲ့ Cells ကွက်တွေကို Auto ဖြည့်အောင်လုပ်ဆောင်နိုင်ခြင်း နဲ့ Home Screen layout ကို Locked လုပ်နိုင်ခြင်းတို့ပါဝင်ပါတယ်ခင်ဗျာ။

ဒါ့အပြင် MIUI China ROM မှာပဲပါဝင်တဲ့ Features တခုရှိပါသေးတယ်၊ အဲ့ဒါကတော့ Smart Assistant Features ပဲဖြစ်ပါတယ်။ ၎င်း Features ဟာ Home screen page လိုမျိုးဖြစ်ပြီး ၎င်း layout page မှာ အသုံးများတဲ့ Apps တွေနဲ့အတူ အခြားသောအသုံးဝင်သည့် သတင်းအချက်အလက်တွေကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။ မိမိပေါ်စေချင်တဲ့ Apps ရဲ့ Notifications တွေကိုလည်းဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ၎င်း Features ဟာ Global Users တွေအတွက်သိပ်အသုံးမဝင်တဲ့အတွက် MIUI China ROM များတွင်သာပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ။

(၄) Battery Saver Toggle (Security Apps > Battery > Battery)

Xiaomi ဖုန်းအသုံးပြုသူအများစုအနေနဲ့ Battery Saver ဆိုတဲ့ MIUI Features ကိုတော့သိကြမယ်ထင်ပါတယ်။ ဟုတ်ကဲ့ အခု MIUI 8.2 Update မှာဆိုရင် ၎င်း Features အတွက် Toggle settings မှာ အလွယ်တကူ On/ Off ပြုလုပ်နိုင်စေရန် Icon သက်သက်ထည့်ပေးထားပြီပဲဖြစ်ပါတယ်။ ဒါကြောင့် Battery Saver Mode ကို ယခင်လို Security Apps ထဲမှာသွားပြီး On/ Off လုပ်နေရန်မလိုအပ်ပဲ Notifications and status bar မှတဆင့် Toggles Icons လေးတွေကနေ အလွယ်တကူပဲ On/ Off ပြုလုပ်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။

(၅) Virus Scanning on 3rd Party Apps (MIUI 8.2 New Features)

MIUI 8.2 မှာအသစ်ပါဝင်လာတဲ့ နောက်ထပ် Features အသစ်တခုကတော့ ကျနော်တို့အသုံးပြုနေတဲ့ Xiaomi ဖုန်းတွေမှာ Android Applications တွေကို Install ပြုလုပ်ကြပါတယ်။ အဲ့လိုလုပ်ကြတဲ့အခါ နည်းလမ်းမျိုးစုံအသုံးပြုကြပါတယ်။ တချို့တွေက Xender (or) Zapya လို File Sharing Apps တွေနဲ့ ဖုန်းတလုံးနဲ့တလုံး Sharing ပြုလုပ်ပြီ Installed ပြုလုပ်ကြပါတယ်။ တချို့တွေက Android Apps Store ဖြစ်တဲ့ Google Play Store ကနေ Download လုပ်ပြီး Installed လုပ်ကြပါတယ်။ အဲ့ဒီလို Google Play Store (သို့မဟုတ်) Mi Apps Store တွေကနေ Download လုပ်ပြီး Installed ပြုလုပ်တဲ့ Apps မဟုတ်ပဲ အခြား Website တွေနဲ့ အခြား Copy & Paste လုပ်ပြီး Installed လုပ်တဲ့ Apps တွေကို 3rd Party Apps တွေလို့ခေါ်ပါတယ်။ အခု Features က ၎င်း 3rd Party Apps တွေကို Install ပြုလုပ်တဲ့အချိန်မှာ Install မလုပ်ခင် ၎င်း Apps မှာ Virus (or) Malware တွေပါဝင်၊ မပါဝင် စစ်ဆေးတဲ့ Features ဖြစ်ပါတယ်ခင်ဗျာ။ အရမ်းကောင်းမွန်ပြီး အသုံးဝင်လိုအပ်တဲ့ Features တခုဖြစ်ပါတယ်ခင်ဗျာ။

(၆) New Icons (USB Charging & Changing Keyboard)

နောက်ထပ် MIUI 8.2 မှာ အသစ်ပြောင်းလဲထားတာလေးရှိပါသေးတယ်၊ ဒါကတော့ ကျွန်တော်တို့ ဖုန်းတွေကို Charging သွင်းတဲ့အချိန် Notifications bar မှာပေါ်တဲ့ Charging (__%) ဆိုတဲ့ Icons ပုံစံပြောင်းလဲထားပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဖုန်း Keyboard နဲ့ စာရိုက်နေစဥ်မှာ Notifications bar မှာပေါ်တဲ့ Change Keyboard ဆိုတဲ့ Icons ကိုလည်းပြောင်းလဲထားတာတွေ့ရပါတယ်ခင်ဗျာ။

(၇) Others Features and Bugs Fixed

ဟုတ်ပြီ MIUI 8.2 Update မှာ အပေါ်က Features တွေပဲလားဆိုတော့ မဟုတ်ပါဘူး။ အခြားသော ယခင် Version တွေမှာ အဆင်မပြေတဲ့ Bugs (Error) တွေကိုလည်း Fixed လုပ်ပေးထားပါတယ်ခင်ဗျာ။ MIUI ROM အတွက် Feedback Apps ကိုလည်း ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားတာဖြစ်ပြီး အခြားသော System ပိုင်းဆိုင်ရာတွေကိုလည်း ထည့်သွင်းပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်ခင်ဗျာ။ Xiaomi ရဲ့ MIUI ROM အသုံးပြုသူ Users များအားနည်းတာတခုရှိပါတယ်။ အဲ့ဒါကတော့ MIUI ROM Update ကို ထုတ်ပေးရင် ပုံမှန်လုပ်ပေးရမယ်ဆိုတာကို အသိအားနည်းကြတာြဖစ်ပါတယ်။ အမှန်တော့ MIUI Update ဆိုတာ Version တခုမှာ Bugs (Errors) ရှိနေပြီဆိုရင် Fixed လုပ်ပြီး (သို့မဟုတ်) New Features အသစ်တွေထပ်ထည့်တဲ့အခါ Update တွေအနေနဲ့ ထုတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် MIUI အသုံးပြုသူများအနေဖြင့် MIUI Update တွေကိုပုံမှန်ပြုလုပ်ပေးဖို့လိုအပ်တယ်ဆိုတာကို အသိပေးပြောချင်ပါတယ်ခင်ဗျာ။ မိမိအသုံးပြုလျက်ရှိတဲ့ MIUI ROM ဟာ Beta ROM (Developer ROM) ဖြစ်တယ်ဆိုရင် အပါတ်စဥ် သောကြာနေ့တိုင်း Update ထုတ်ပေးတာဖြစ်ပြီး တပါတ်တကြိမ် Update ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ MIUI ROM ဟာ Stable ROM ဖြစ်တယ်ဆိုရင်တော့ ရံဖန်ရံခါထုတ်ပေးတဲ့ Update ကို (၁) လတကြိမ် (သို့မဟုတ်) (၂) လတကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ 

> ယခုပို့စ်အား PDF File အဖြစ်ရယူရန် <<

Download Here

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu