[News] Xiaomi မှ Wi-Fi Connectivity အသုံးပြု Mi Panoramic 360 Degree Camera ကို မိတ်ဆက်

In News, Xiaomi

Xiaomi ဟာ Mi Panoramic 360 Degree Camera ကို ဒီကနေ့ပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်း Mi Panoramic 360 Degree Camera နဲ့အတူ Videos တွေနဲ့ Images တွေကို 360 Degree ရိုက်ကူးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်း 360 Camera မှာ 23.88 MP ရှိတဲ့ Sensor ကိုတပ်ဆင်အသုံးပြုထားပြီး Videos ရိုက်ကူးရာမှာ 3.5K Resolution ထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Mi Panoramic 360 Degree Camera ရဲ့ အရှေ့နဲ့နောက်ဘက်မှာတပ်ဆင်အသုံးပြုထားတဲ့ Square Shape Camera နဲ့ Fisheye Lens တို့ကြောင့် 360 Degree ပုံရိပ်တွေနဲ့ Videos တွေကိုကောင်းမွန်စွာရိုက်ကူးနိုင်စေမှာဖြစ်ပြီး အဆိုပါ Mi Panoramic 360 Degree Camera ကို Anba A12 Image processor နဲ့အတူ Sony IMX206 Image sensor တို့ကိုအသုံးပြုတပ်ဆင်ပေးထားတာဖြစ်ပါတယ်။

Mi Panoramic 360 Camera မှာဆိုရင် 1600mAh Battery နဲ့အတူ 6-axis EIS (Electronic Image Stabilization) လည်းပါဝင်တာကြောင့် Standard Camera တလုံးလို့တောင်ပြောရတော့မှာပါ။ ၎င်း Devices နဲ့ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် Wi-Fi 802.11 b/g/n, Bluetooth 4.0 နဲ့ Micro-USB 2.0 port တို့လည်းပါဝင်ပါတယ်ခင်ဗျာ။

၎င်း Mi Gadgets အသစ်တခုဖြစ်တဲ့ Mi Panoramic 360 Degree Camera ကို CNY 1799 (USD $260) နဲ့ ဒီကနေ့ပဲ တရုတ်ပြည်မှာစတင်ရောင်းချပေးနေပြီလို့သိရပါတယ်ခင်ဗျာ။ 

You may also read!

[2017 Mi Product Launch] CPU Core i7 8th Generation အသုံးပြုထုတ်လုပ်လိုက်တဲ့ Mi Notebook Pro

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ ပထမဦးဆုံးစတင်မိတ်ဆက်သွားတာကတော့ Mi Notebook Pro ပဲဖြစ်ပါတယ်ခင်ဗျ။ Xiaomi ဟာ Smartphones လောကကနေ Notebook PC လောကကို

Read More...

[2017 Mi Product Launch] ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ 18:9 Full Screen Display နဲ့ Mi Mix 2

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ Xiaomi ရဲ့ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ Mi Mix 2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးစဥ်  အဆိုပါ Mi Mix 2

Read More...

[2017 Mi Product Launch] Snapdragon 660 အသုံးပြုထားပြီး Mi 6 အကြီးစားလို့ပြောလို့ရမယ့် Mi Note 3

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch  မှာ Xiaomi ရဲ့ New Product (၃) မျိုးကို CEO ဖြစ်သူ Lei Jun မှ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Read More...

Mobile Sliding Menu