[News] Xiaomi မှ အဆင့်မြင့်နည်းပညာများအသုံးပြုထားတဲ့ Ninebot Plus နဲ့ Mi Laser Projector တို့ကို မိတ်ဆက်

In News, Xiaomi

June လ ၂၈ ရက်နေ့မှာ Ninebot Plus နဲ့ Mi Laser Projector တို့ကို Xiaomi မှ ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ ယခု အသစ်ထွက်ရှိလာတဲ့ Ninebot Plus မှာဆိုရင် ယခင် Ninebot များထပ်ပိုပြီးထူးခြားကောင်းမွန်တဲ့ အဆင့်မြင့်နည်းပညာတွေ့အသုံးပြုထားတယ်လို့ဆိုပါတယ်။

အဆိုပါ Ninebot Plus ရဲ့ရှေ့မျက်နှာပြင်မှာပါဝင်တဲ့ Lights ဟာ အသုံးပြုသူရဲ့ ဦးတည်ရာဘက်ကိုလိုက်ပြီး အရောင်ပြောင်းလဲမှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူဟာ ညာဘက်ကိုစောင်းလိုက်မယ်ဆိုရင် ညာဘက်မှာရှိနေတဲ့ Signal light ပွင့်လာမှာဖြစ်ပါတယ်။

Ninebot Plus ရဲ့ စီးနင်းသူခြေထောက်တင်ဖို့နေရာနဲ့ ကိုယ်ထည်အမြင့်တို့ဟာ ယခင် Ninebot များထပ်ပိုမိုကျယ်ပြန့်ရှည်လျားအောင်ပြုလုပ်ပေးထားတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် 11 Inches ရှိတဲ့ စလစ်တာယာများနဲ့ 800W Power Rating လည်းထောက်ပံ့ပေးထားပါတယ်။

Ninebot Plus ဟာဆိုရင် အလေးချိန် ၁၀၀ ကီလိုဂရမ်ထိခံနိုင်ရည်ရှိပြီး အားတကြိမ်သွင်းထားလျင် ၃၅ ကီလိုမီတာခန့်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Ninebot Plus ကို RMB 3,499 နဲ့ တရုတ်ပြည်မှာစတင်ရောင်းချပေးမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Ninebot Plus နဲ့အတူ တချိန်တည်းမှာပဲ Mi TV ထည့်သွင်းထုတ်လုပ်ထားတဲ့ Mi Laser Projector ကိုလည်း Xiaomi မှထုတ်ဖော်မိတ်ဆက်ပေးခဲ့ပါတယ်။ Mi Laser Projector ဟာဆိုရင် ၁၅၀ လက်မအကျယ်အထိ Display screen ကိုဖော်ြပပေးနိုင်ပြီး Projection paper (သို့မဟုတ်) နံရံတွေမှာအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ Mi Laser Projector ရဲ့ Laser life ကို 25,000 Laser life ထိထောက်ပံ့ပေးထားတာဖြစ်ပြီး တရက်မှာ (၂) နာရီအသုံးပြုမယ်ဆိုရင် (၃၄) နှစ်ကြာအသုံးပြုနိုင်မယ်လို့ဆိုထားပါတယ်။

Mi Laser Projector ရဲ့ ရုပ်ထွက်ကောင်းမွန်မှုနဲ့ Color ပိုင်းကောင်းမွန်မှုတို့အတွက် Light peak optoelectronics နဲ့ Advanced Laser Phosphor Display တို့ကိုအသုံးပြုထားတယ်လို့သိရပါတယ်။ ဒါ့အပြင် 4 high-power Inbuilt speaker ကိုလည်းထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် အသံပိုင်းကိုလည်းထူးခြားကောင်းမွန်စေမှာဖြစ်ပါတယ်။ အဆိုပါ Mi Laser Projector ကို RMB 9,999 နဲ့ တရုတ်ပြည်မှာစတင်ရောင်းချပေးမှာဖြစ်ကြောင်းသိရပါတယ်။

You may also read!

[2017 Mi Product Launch] CPU Core i7 8th Generation အသုံးပြုထုတ်လုပ်လိုက်တဲ့ Mi Notebook Pro

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ ပထမဦးဆုံးစတင်မိတ်ဆက်သွားတာကတော့ Mi Notebook Pro ပဲဖြစ်ပါတယ်ခင်ဗျ။ Xiaomi ဟာ Smartphones လောကကနေ Notebook PC လောကကို

Read More...

[2017 Mi Product Launch] ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ 18:9 Full Screen Display နဲ့ Mi Mix 2

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ Xiaomi ရဲ့ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ Mi Mix 2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးစဥ်  အဆိုပါ Mi Mix 2

Read More...

[2017 Mi Product Launch] Snapdragon 660 အသုံးပြုထားပြီး Mi 6 အကြီးစားလို့ပြောလို့ရမယ့် Mi Note 3

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch  မှာ Xiaomi ရဲ့ New Product (၃) မျိုးကို CEO ဖြစ်သူ Lei Jun မှ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Read More...

Mobile Sliding Menu