[News] RAM 6GB, Snapdragon 835, Dual Camera တို့ဖြင့်ထွက်ရှိလာတဲ့ Xiaomi Mi 6

In News, Xiaomi

Xiaomi ဟာ သူ့ရဲ့ New product ဖြစ်တဲ့ Xiaomi Mi 6 flagship device ကို ဒီကနေ့ April 19 မှာပဲမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Mi 6 ကို Qualcomm ရဲ့ Next-generation processor ဖြစ်တဲ့ Snapdragon 835 processor ကိုထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း Snapdragon 835 processor ဟာဆိုရင် 10nm FinFET နည်းပညာကိုအသုံးပြုထားတာလည်းဖြစ်ပါတယ်။ Design ပိုင်းမှာဆိုရင်လည်း four-sided 3D curved glass ကိုအသုံးပြုထားတာဖြစ်ပြီး သူ့ရဲ့ Body frame ကိုတော့ stainless steel နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါတင်ပဲလား မဟုတ်ပါဘူးခင်ဗျာ Xiaomi Mi 6 မှာ တကယ့် Features အလန်းတွေပါ၀င်ပါသေးတယ်။ အဲ့ဒါတွေကတော့ Dual Camera နဲ့ Dual Speaker (Studio Speaker) တို့ပဲဖြစ်ပါတယ်။ Mi 6 ရဲ့ Dual Camera ကြောင့် Portrait Photos (Great Depth-of-field) တွေကိုလည်း အလန်းစားရိုက်နိုင်ဦးမှာပဲဖြစ်ပါတယ်။ 

Highlights

  • Latest flagship Snapdragon 835 10nm processor
  • 6GB RAM
  • 64GB and 128 GB internal storage
  • 5.15″ display, four-sided 3D glass
  • Under-glass fingerprint sensor at the front
  • It is splash-resistant, with the SIM tray also sealed against splashes
  • Seamlessly integrated dual camera at the back. 12MP wide angle + 12MP telephoto camera that allows you to have 2x lossless zoom
  • 3350mAh battery coupled with MIUI optimizations means that Mi 6 typically lasts up to a full day
  • Dual speakers, which gives you a more immersive experience when you’re watching videos

Xiaomi Mi 6 ဟာဆိုရင် Mi Series တွေထဲမှာ Screen size 5.15″ Display နဲ့ Dual Camera အသုံးပြုထားတဲ့ ပထမဦးဆုံး Device တခုလည်းဖြစ်ပါတယ်။ သူ့ရဲ့ Dual Camera မှာတော့ 12MP wide angle + 12MP telephoto camera တို့ကိုအသုံးပြုထားတာဖြစ်ပြီး Image Stability အတွက် 4-axis OIS လည်း Supported ပေးထားပါတယ်ခင်ဗျာ။ ဒါ့အပြင် Mi 6 ရဲ့ Zoom Lens ဟာ 2X optical lossless zoom ဖြစ်တာကြောင့် အကွာအဝေးတခုမှ ပုံရိပ်ကို ၀ိုးဝါးမသွားစေပဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူးခင်ဗျာ။ ISP Algorithm နဲ့အတူ 10X Digital Zoom ကိုလည်း Supported ပေးထားပါတယ်ခင်ဗျာ။ 

Xiaomi Mi 6 ရဲ့ Dual Camera ရဲ့ Features တခုဖြစ်တဲ့ Portrait Mode (depth-of-field mode) ကြောင့် ပုံရိပ်တခုကို Focus ယူတဲ့အခါ ၎င်းပုံရိပ်ရဲ့ Background ကို Blur တဲ့ ပုံရိပ်တွေကိုလည်း ရိုက်ကူးနိုင်ဦးမှာပါ။ Mi 6 ရဲ့ 12MP Camera ကြောင့်လည်း ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုရိုက်ကူးနိုင်တာကြောင့် ဖုန်းနဲ့ ဓာတ်ပုံကောင်းကောင်းရိုက်တတ်သူများအတွက်ကတော့ Mi 6 ကအရမ်းလန်းတဲ့ဖုန်းတလုံးဖြစ်နေမှာပါခင်ဗျာ။ 

Mi 6 ရဲ့ Battery ပိုင်းမှာလည်း 3350mAh Battery ကိုအသုံးပြုထားတာဖြစ်ပြီး MIUI Optimization Features ကြောင့် တစ်နေကုန်အားအသုံးခံမှာလည်းဖြစ်ပါတယ်။ Dual Speaker (Studio Speaker) လည်းဖြစ်တာကြောင့် Movie ကြည့်တဲ့နေရာမှာ အသံပိုင််းပိုမိုထူးခြားကောင်းမွန်စေဦးမှာပါ။ ဒါ့အပြင် Mi 6 ရဲ့ Eye-care စနစ်ကြောင့် အချိန်ကြာကြာအသုံးပြုသည်ဖြစ်စေ၊ အလင်းနည်းတဲ့နေရာမှာသုံးသည်ဖြစ်စေ အလင်းထဲမှာသုံးသည်ဖြစ်စေ အဆင်ပြေပြေအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ 

အဆိုပါ Mi 6 မှာဆိုရင် 2×2 dual Wi-Fi စနစ်ကြောင့် Wireless ချိတ်ဆက်အသုံးပြုရာမှာလည်း Range ပိုကွာဝေးစွာချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပြီး Connection speed လည်းပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ နောက်ထပ်တခုကတော့ Mi 6 မှာ Splash-resistant စနစ်နဲ့ ဖုန်းတခုလုံးကို စနစ်တကျကာကွယ်ထားတာကြောင့် မတော်တဆရေဝင်ခြင်းမှလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ (ရေစိုခံတယ်/ ရေစိမ်ခံတယ်လို့ မဆိုလိုပါခင်ဗျာ)။ ဒါ့အပြင် Mi 6 ရဲ့ Fingerprint sensor ကို Ultra-glass fingerprint sensor ကိုအသုံးပြုထားပြီး ဖုန်းရဲ့ Home button နေရာမှာတပ်ဆင်ထားတာဖြစ်ပါတယ်။ 

ဟုတ်ကဲ့ပါ Xiaomi Mi 6 ဟာဆိုရင် Qualcomm Snapdragon 835 10nm processor/ 64-bit, Octa-core CPU, Adreno 540 GPU နဲ့ 6GB RAM တို့လည်းထောက်ပံ့အသုံးပြုထားတာဖြစ်တဲ့အတွက် စျေးကွက်မှာ တကယ့် flagship killer device တခုဖြစ်လာမှာပါခင်ဗျာ။ 

Xiaomi Mi 6 ရဲ့ ခန့်မှန်းစျေးနှုန်းတွေကတော့ – 

  • RAM 6GB + ROM 64GB = RMB 2499 = (ခန့်မှန်းစျေး ၅ သိန်းခွဲဝန်းကျင်)
  • RAM 6GB + ROM 128GB = RMB 2899 = (ခန့်မှန်းစျေး ၆ သိန်းဝန်းကျင်)
  • RAM 6GB + ROM 128GB Ceramic Edition = RMB 2999 = (ခန့်မှန်းစျေး ရ သိန်းဝန်းကျင်) တို့ဖြစ်ကြပါတယ်။ 

You may also read!

[2017 Mi Product Launch] CPU Core i7 8th Generation အသုံးပြုထုတ်လုပ်လိုက်တဲ့ Mi Notebook Pro

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ ပထမဦးဆုံးစတင်မိတ်ဆက်သွားတာကတော့ Mi Notebook Pro ပဲဖြစ်ပါတယ်ခင်ဗျ။ Xiaomi ဟာ Smartphones လောကကနေ Notebook PC လောကကို

Read More...

[2017 Mi Product Launch] ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ 18:9 Full Screen Display နဲ့ Mi Mix 2

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch မှာ Xiaomi ရဲ့ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ Mi Mix 2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးစဥ်  အဆိုပါ Mi Mix 2

Read More...

[2017 Mi Product Launch] Snapdragon 660 အသုံးပြုထားပြီး Mi 6 အကြီးစားလို့ပြောလို့ရမယ့် Mi Note 3

မင်္ဂလာပါခင်ဗျာ… ဒီကနေ့ 2017 Mi Product Launch  မှာ Xiaomi ရဲ့ New Product (၃) မျိုးကို CEO ဖြစ်သူ Lei Jun မှ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Read More...

Mobile Sliding Menu