[Leaked] Xiaomi Mi 6 Shows Dual Camera Setup And Quad HD 2K OLED Display

In Xiaomi

Xiaomi ရဲ့ Mi series မှာ ထပ်မံထွက်ရှိလာမည့် Mi 6 နဲ့ပါတ်သတ်ပြီး Weibo မှာပေါက်ကြားနေတဲ့ သတင်းတချို့ရှိပါတယ်။ ၎င်း သတင်းများမှ ဖြစ်နိုင်ချေရှိတဲ့သတင်းစကားတချို့ကို တင်ပြလိုက်ရပါတယ်ခင်ဗျာ။

Mi 6 ရဲ့ Camera ကို Dual Camera တပ်ဆင်ပေးထားတာဖြစ်ပြီး Mi Note 2 ကဲ့သို့ ပုံမှာမြင်ရတဲ့အတိုင်း Mi 6 ရဲ့ နောက်ဖက်မျက်နှာပြင် နှစ်ဖက်စလုံးမှာ Curved ပုံစံမျိုးနဲ့ ထွက်ပေါ်လာမယ်လို့ ပေါက်ကြားထားတဲ့သတင်းတွေအရသိရပါတယ်။ ဒါပေမယ်လို့ Xiaomi အနေနဲ့ကတော့ Mi 6 နဲ့ပါတ်သတ်ပြီး မည်သည့်တရားဝင်သတင်းမှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူးခင်ဗျာ။ တချို့ကလည်း Mi 6 မှာအသုံးပြုမည့် Snapdragon 835 SoC လုံလောက်တဲ့အရေအတွက်မရရှိသေးတဲ့အတွက်ကြောင့် စတင်မိတ်ဆက်ပေးဖို့အတွက် အချိန်နှောင့်နှေးမှုဖြစ်နေတယ်လို့လည်း ကြားသိရပါတယ်။

ပေါက်ကြားလာတဲ့သတင်းများအရ Mi 6 ရဲ့ Display ကို Premium version မှာ Quad HD 2K OLED Display ကိုအသုံးပြုမည်ဖြစ်ပြီး Mi Note 2 ကဲ့သို့ Dual Curved Edges ပုံစံဖြစ်မယ်လို့သိရပါတယ်။ ဒါ့အပြင် အဆိုပါ Premium version မှာ RAM 6GB + ROM 256GB ရှိမည်ဖြစ်ပြီး Standard version မှာတော့ RAM 4GB + ROM 64GB ရှိမယ်လို့သိရပါတယ်ခင်ဗျာ။

You may also read!

[News] Xiaomi Launches First USB Type C Earphones

Xiaomi ဟာ May 19 ရက်နေ့မှာပဲ 3.5mm Audio jack port မပါဝင်တဲ့ Mi 6 ကဲ့သို့ Devices များမှာအသုံးပြုနိုင်ဖို့အတွက် USB Type C အသုံးပြုထားတဲ့

Read More...

[News] Xiaomi Mi 6 Comes With 6GB RAM, Snapdragon 835, Dual Camera

Xiaomi ဟာ သူ့ရဲ့ New product ဖြစ်တဲ့ Xiaomi Mi 6 flagship device ကို ဒီကနေ့ April 19 မှာပဲမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Mi 6

Read More...

[News] Xiaomi Launches Mi Panoramic 360 Degree Camera With Wi-Fi Connectivity

Xiaomi ဟာ Mi Panoramic 360 Degree Camera ကို ဒီကနေ့ပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်း Mi Panoramic 360 Degree Camera နဲ့အတူ Videos တွေနဲ့

Read More...

Mobile Sliding Menu