Mi 6 ကို လာမည့် April လအတွင်းမိတ်ဆက်မည်ဖြစ်ကြောင်း CEO Lei Jun အတည်ပြု

In News On
- Updated

Xiaomi CEO ဖြစ်သူ Lei Jun ဟာ ယခုလ ဧပြီလအတွင်းမှာပဲ Xiaomi Mi Series ရဲ့ Model အသစ်ဖြစ်တဲ့ Mi 6 ကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆက်ပွဲထုတ်ပေးမယ့် ရက်အတိအကျကိုတော့ ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါဘူးခင်ဗျာ။ နီးစပ်သူတချို့ရဲ့ပြောစကားများအရတော့ April 11 နဲ့ April 18 ရက် တရက်ရက်မှာ ပွဲထုတ်မိတ်ဆက်ပေးဖို့ရှိတယ်လို့လည်း ပြောကြတာတွေရှိပါတယ်။

အဆိုပါ Mi 6 နဲ့ပါတ်သတ်ပြီး Online ပေါ်မှာ အချိန်အတော်ကြာကြာကတည်းက ကောလဟလသတင်းအဖြစ်သာ ကြားသိခဲ့ကြရတာ ဖြစ်ပြီး အခုဆိုရင်တော့ Lei Jun ကိုယ်တိုင်က ယခုလအတွင်းမိတ်ဆက်ပေးမည့်အကြောင်း အတည်ပြုပြောကြားပေးခဲ့တာဖြစ်ပါတယ်။ 

ယခင်ပေါက်ကြားခဲ့တဲ့ Mi 6 သတင်းများအရ အဆိုပါ Mi 6 Model နဲ့ပါတ်သတ်ပြီး Mi 6 ကို Version နှစ်မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး Snapdragon 835 64-bit octa-core processor နဲ့ RAM 3GB ပါ၀င်တဲ့ Mi 6 မှာ 12MP Rear Camera နဲ့ 4MP Ultra Pixel Front Camera တို့ထည့်သွင်းအသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း Mi 6 မှာဆိုရင် 3200mAh ရှိတဲ့ Battery နဲ့အတူ 4G LTE Network စနစ်တို့ကိုထောက်ပံ့ပေးထားမယ်လို့သိရပါတယ်။

နောက်ထပ် Version တခုကိုတော့ Mi 6 Pro အနေနဲ့ 5.15 Inches Display နဲ့အတူ 2.45GHz ရှိတဲ့ Snapdragon 835 SoC အသုံးပြုထားပြီး RAM 6GB, ROM 128GB တို့ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်။ ၎င်းအပြင် Mi 6 Pro မှာ 30MP OIS Camera နဲ့ 8MP Front Camera တို့ကိုတပ်ဆင်အသုံးပြုပေးထားပြီး 4000mAh Battery တို့ထည့်သွင်းအသုံးပြုပေးထားတာဖြစ်တယ်လို့သိရပါတယ်။ 

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu