တရုတ် နဲ့ အိန္ဒိယ တို့မှာ Xiaomi Retail Stores များ ပိုမိုဖွင့်လှစ်နိုင်ဖို့ရန် Xiaomi ဆောင်ရွက်နေ

In News On
- Updated

Xiaomi ဟာ Offline Sales နဲ့ပါတ်သတ်ပြီး အရောင်းပိုင်းပိုမိုအားကောင်းလာစေဖို့ရန်အတွက် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ Offline Sales Store တွေထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း CEO Lei Jun မှ အတည်ပြုပြောကြားခဲ့ပါတယ်။ အခုလိုဆောင်ရွက်ခြင်းဟာ Xiaomi အနေနဲ့ Online Sales သီးသန့်ကနေပြီးတော့ Offline Sales ဘက်ကိုပိုမိုအင်အားဖြည့်တင်းပေးဖို့အတွက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi အနေနဲ့ တရုတ်ထိပ်တန်းမိုဘိုင်းထုတ်ကုန်တွေမှာ Oppo နဲ့ Vivo တို့နဲ့ ဆန့်ကျင်ဘက်အပေါ်ယံယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Oppo နဲ့ Vivo တို့ဟာ ကမ္ဘာတဝှမ်းလုံးမှာ Offline Stores အများဆုံးရှိနေပြီး Xiaomi ဟာတော့ မရှိသလောက်ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ Offline Sales ကိုတဟုန်ထိုးတိုးမြှင့်ဖို့ရန်အတွက် တရုတ်ပြည်တွင်းမှာ Offline Sales Store ပေါင်း (၁၀၀၀) ခန့်ထပ်မံတိုးချဲ့သွားဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Xiaomi အနေနဲ့ Offline Sales မှာပိုမိုအားကောင်းလာစေဖို့ရန်အတွက် အိန္ဒိယကျေးလက်နယ်ဘက်တွေမှာ အဓိကဆောင်ရွက်သွားမှာဖြစ်တယ်လို့ Xiaomi ရဲ့ Global Vice President ဖြစ်သူ Manu Jain ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

“Xiaomi ရဲ့ ဆန်းသစ်တဲ့ Offline Distribution Network နဲ့ပါတ်သတ်ပြီး ယခုဆိုရင် Offline Stores ပေါင်း (၈၅၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ Xiaomi အနေနဲ့ တကယ့်ကိုပဲ သမိုင်းမှတ်တိုင်ကောင်းတွေစိုက်ထူနိုင်ခဲ့ပြီး အိန္ဒိယမှာ Xiaomi ဟာ နံပါတ် (၁) Brand တခုဖြစ်လာတဲ့အထိပဲ” လို့ Jain ကထပ်မံပြောကြားခဲ့ပါတယ်။

Offline Sales Stores တွေဟာ Xiaomi ကို တရုတ်မိုဘိုင်းထုတ်ကုန်တွေကြား ထိပ်တန်းအမှတ်တံဆိပ်တခုဖြစ်လာစေဖို့ အကူအညီပေးနိုင်တဲ့လိုအပ်ချက်တခုလည်းဖြစ်ပါတယ်ခင်ဗျာ။ 

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu