Xiaomi ဟာ သူ့ရဲ့ Music Library ကိုချဲ့ထွင်ဖို့ရန်အတွက် Warner Music နဲ့ သဘောတူလက်မှတ်ရေးထိုး

In News On
- Updated

Xiaomi ဟာ သူ့ရဲ့ Music Library ကိုချဲ့ထွင်ဖို့ရန်အတွက် နာမည်ကြီး Music Company ဖြစ်တဲ့ Warner Music နဲ့ လက်မှတ်ရေးထိုး သဘောတူညီမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 

Warner Music ဟာ ကမ္ဘာ့တတိယအကြီးဆုံး Recording Company တခုဖြစ်ပြီး Atlantic Records, Warner Bros Records နဲ့ Parlophone Records တို့ကိုပိုင်ဆိုင်ပါတယ်ခင်ဗျာ။ ၎င်း ထိပ်တန်း Record Company (၃) နဲ့အတူ Xiaomi နဲ့ Warner Music တို့ရဲ့သဘောတူညီချက်ကြောင့် Xiaomi ဖုန်းအသုံးပြုသူ Users တွေအနေနဲ့ ကြီးမားကျယ်ပြန့်တဲ့ Music Library နဲ့အတူ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ Musicians တွေရဲ့ တေးသီချင်းအစုံကို ရရှိခံစားရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ 

ဒါကြောင့် Xiaomi နဲ့ Warner Music တို့ဟာ Universal Music, Sony Music, Decca Records နဲ့ အခြားသော Music Library (၃၀) တို့မှ သီချင်းတွေကို ရရှိဖို့အတွက်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ထို့အပြင် မကြာသေးခင်ကပဲ Xiaomi ဟာ သူ့ရဲ့ Features အသစ်တွေပါဝင်တဲ့ MIUI Music Apps ကို Update ထုတ်ပေးခဲ့တာဖြစ်ပြီး ၎င်း Update မှာ Immersive Mode, Advanced Search Mode, Cloud Sync, Artist’s Info Page, Lyrics Features နဲ့ အခြားသော Features အသစ်တွေများစွာထပ်မံဖြည့်သွင်းပေးခဲ့ပါတယ်။

Xiaomi ဟာ ၎င်းရဲ့ Music Apps အတွက် Warner Music နဲ့သဘောတူညီလက်မှတ်ရေးထိုးခြင်းဟာ Xiaomi အနေနဲ့ အမြတ်အစွန်းရရှိနိုင်တဲ့ ဂီတစက်မှုလုပ်ငန်းအတွက် ကြီးမားတဲ့သဘောတူညီမှုတခုဖြစ်တယ်လို့ ယူဆရပါတယ်ခင်ဗျာ။

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu