Xiaomi Limited Edition ဖြစ်တဲ့ Redmi Note 4X Hatsune Miku Special Edition ကို Xiaomi ထုတ်ဖော်ပြသ

In News On
- Updated

Xiaomi ရဲ့ Redmi series ဖုန်းတွေဟာဆိုရင် စျေးကွက်အတွင်း စျေးနှုန်းသင့်တင့်ပြီး လူကြိုက်များတဲ့ series တခုပဲဖြစ်ပါတယ်။ Xiaomi Fans တွေအတွက် မကြာခင်ရောက်ရှိလာတော့မယ့် Valentine’s Day (February 14) မှာ မိမိတို့ချစ်သူအတွက် အမှတ်တရလက်ဆောင်ပေးဖို့ Redmi Note 4X Hatsune Miku Special Edition ကိုထုတ်ဖော်ပြသပေးလိုက်ပါပြီ။

Redmi Note 4X ရဲ့ Display size ဟာဆိုရင် 5.5 Inches Full HD Display ရှိမည်ဖြစ်ပြီး Battery ပိုင်းကိုတော့ 4100 mAh ထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက်လည်း ယခင် Redmi Note 3 Model ထပ် ၂၀% ခန့် ပိုမိုအားခံတဲ့ Snapdragon 625 processor ကိုတပ်ဆင်အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် ၎င်း Redmi Note 4X မှာဆိုရင် 13MP CMOS Camera ကိုတပ်ဆင်အသုံးပြုထားပြီး အရောင်အားဖြင့် Green, Gold, Grey, Pink and Black ဆိုပြီး Color (၅) မျိုးရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Xiaomi ဟာ ၎င်း Redmi Note 4X Hatsune Miku Special Edition ကို လာမယ့်တပါတ် 14th February (Valentine’s Day) မှစတင်ပြီး တရုတ်ပြည်တွင်းမှာ စတင်ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။

မကြာခင်ရောင်းချပေးမယ့် Redmi Note 4X Hatsune Miku Special Edition ဟာဆိုရင် ထုတ်ပိုးမှုပုံစံအသစ်နဲ့ အရောင်အသွေးကာလာစုံတို့နဲ့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ၎င်း Redmi Note 4X ရဲ့ Box ထဲမှာဆိုရင် Redmi Note 4X နဲ့အတူ Hatsune Miku ပုံနဲ့ ထုတ်လုပ်ထားတဲ့ Soft protective case အပြင် ၎င်း ပုံနဲ့တွဲဖက်ထုတ်လုပ်ထားတဲ့ Limited Edition Mi Power Bank တလုံးလည်းပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ။

Ref: Source

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu